Ford Everest Trend ကို ပိုင်ဆိုင်ခွင့်ရထားမယ်ဆိုရင် သင့်အနာဂတ်ရဲ့ခရီးကြမ်းတွေကို အဖော်မွန်ကောင်းတစ်ယောက်နဲ့အတူရှင်သန်ကျော်လွှားနိုင်စေမှာအသေအချာပါပဲ။

ကိုဗစ်ပြီးရင် ဟိုသွားမယ်ဒီသွားမယ်ဆိုပြီး စိတ်ကူးယဉ်နေကြသူတွေအတွက် အကောင်းဆုံးခရီးသွားဖော်တစ်ဦးနဲ့မိတ်ဆက်ပေးပါရစေ။ ကိုယ်သွားမယ့် ခရီးလမ်းမှာအန္တရာယ်ကင်းရှင်းရေး၊ သက်သောင့်သက်သာနဲ့စိတ်လက်အပန်းပြေစေနိုင်ဖို့ဘဝရဲ့ထူးခြားတဲ့အတွေ့အကြုံအသစ်တွေနဲ့အံ့သြပျော်ရွှင်စရာတွေကို အတူတကွဖန်တီးကြဖို့အတွက် Ford Everest Trend ကားက အကောင်းဆုံးအဖော်မွန်အဖြစ်ခရီးလမ်းအဆုံးအထိခြေဆန့်နိုင်ဖို့အတွက်အသင့်ရှိနေပါပြီ။ 

အိပ်မက်ထဲကခရီးကြမ်းတွေအတွက် ပြီးပြည့်စုံစေမယ့် စိတ်ကူးယဉ်ကားတစ်စီး

တောင်တွေပေါ်ကိုတက်မယ်...လမ်းကြမ်းတွေအပေါ်ဖြတ်သန်းမယ်... နောက်ဆုံးရေထဲပါဖြတ်မောင်းမယ့် ကားတစ်စီးမျိုးစိတ်ကူးယဉ်ကြည့်ခဲ့ဖူးကြသလား။ ဒါဆိုရင်တော့ ဒါက စိတ်ကူးယဉ်အိပ်မက်တစ်ခုမဖြစ်နိုင်တော့ပါဘူး။ Ford Everest Trend က သင့်ရဲ့စိတ်ကူးကိုပြီးပြည့်စုံစေမှာပါ။ 

Everest Trend က တစ်ခြားအဆင့်အတန်းတူ SUV အမျိုးအစားကားတွေထက်ရေအနက်ကိုပိုပြီးဖြတ်သန်းသွားနိုင်အောင်တည်ဆောက်ထားတဲ့အတွက် မြစ်၊ချောင်းနားတစ်ဝိုက်ကိုဖြတ်သန်းသွားလာရမယ့်အခြေအနေမျိုးနဲ့ကြုံခဲ့ရင်တောင်ကွေ့ဝိုက်မောင်းနှင်စရာမလိုဘဲ နောက်မဆုတ်တမ်းဖြတ်မောင်းသွားစေနိုင်မှာပါ။ ရေအနက် 800mm အထိဖြတ်မောင်းနိုင်ဖို့ဖန်တီးထားသလို ဝမ်းဗိုက်ကလည်း မြေမျက်နှာပြင်နဲ့ အကွာအဝေး 255mm အထိရှိလို့ ကားပေါ်မှာထိုင်နေသူတွေအနေနဲ့ ရေထဲဖြတ်မောင်းနေချိန်မှာတောင် သိလိုက်မှာမဟုတ်ပါဘူး။

 ခရီးသွားရင် လိုအပ်တာတွေအများကြီးသယ်သွားချင်တယ်. မိသားစုနဲ့ဆိုတော့ လိုအပ်တာတွေစုံလင်မှဖြစ်မယ်ဆိုသူတွေအတွက်လည်းစိတ်ပူစရာမလိုပါဘူး။ အမြင့်ဆုံးကုန်တင်နိုင်စွမ်းက ၇၅၀ကီလိုဂရမ်ရှိပြီး အမိုးပေါ်မှာ ၁၀၀ကီလိုဂရမ်အထိသယ်ဆောင်ပေးနိုင်ပါတယ်။ 

မိသားစုနဲ့အတူ သာယာငြိမ့်ညောင်းစေမယ့်ခရီးတွေဖန်တီးရအောင်

ခရီးသွားတယ်ဆိုတာ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေအစုံအလင်တစ်စုတစ်စည်းတည်းသွားနိုင်မှ ပျော်စရာကောင်းတယ်ဆိုတာအသေအချာပါပဲ။ Ford Everest Trend ကတော့ သင်နဲ့သင့်မိသားစုကို အမြဲတမ်းစုစုစည်းစည်းနဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေစေမှာပါ။ ကားအတွင်းပိုင်းမှာ Luxury Seat (၇) လုံးထည့်သွင်းထားပြီး ဒါကသင်နဲ့သင့်မိသားစုကို ညင်သာငြိမ့်ညောင်းစွာနဲ့ခရီးဆက်စေနိုင်မှာပါ။

ကားမောင်းနေချိန်မှာ သက်သောင့်သက်သာရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကိုလည်းဖျောက်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ Ford Everest Trend မှာတပ်ဆင်ထားတဲ့ Active Noise Cancellation စနစ်ကလည်း အင်ဂျင်သံနဲ့ အခြားဆူညံသံတွေကို လုံးဝမဝင်ရောက်စေဖို့ အလိုအလျှောက်ဖမ်းယူလျှော့ချပေးမှာဖြစ်လို့ ကားမောင်းနေချိန် အပြည့်အဝအာရုံစိုက်နိုင်သလို စီးနင်းလိုက်ပါသူတွေလည်း ကားပေါ်မှာဇိမ်ယူနေရုံပါပဲ။ 


အန္တရာယ်ကင်းဖို့က အဓိက

ကိုယ်လိုရာခရီးကို အရောက်လှမ်းနိုင်ဖို့အတွက် အရေးကြီးဆုံးက အန္တရာယ်ကင်းဘေးရှင်းဖို့ပါ။ မောင်းနှင်နေစဉ်မှာ လမ်းကြောင်းတစ်လျှောက်စစ်ဆေးနေပြီး ယာဉ်အန္တရာယ်ရှိနိုင်တယ်လို့ယူဆရင် အချိန်မီဘရိတ်အုပ်ဖို့အချက်ပေးမယ့် Pre-Collision Assist ၊ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ကားရပ်နားဖို့နေရာကို အလွယ်တကူရှာပေးနိုင်တဲ့ Active Park Assist ၊လမ်းကြောင်းပြောင်းမယ့်အခါ မျက်ကွယ်နေရာတွေက ယာဉ်နဲ့အရာဝတ္တုပစ္စည်းတွေကို သိနိုင်စေမယ့် Blind Spot Information System(BLIS) ၊ အချက်ပြမီးမဖွင့်မိရင်သတိပေးမယ့် Lane Keeping System ၊ သဲ၊ရွှံ့၊မြက်ခင်းနဲ့ကျောက်ခင်းလမ်းတွေမှာ သက်သောင့်သက်သာနဲ့အေးဆေးစွာဖြတ်သန်းမောင်းနိုင်ဖို့အတွက် Terrain Management System ၊ ယာဉ်မတော်တဆမှုကို ထိန်းချုပ်ပေးနိုင်မယ့် Electronic Stability Control Program တွေလည်း ပါဝင်နေပါသေးတယ်။

စွမ်းအားအပြည့်နဲ့ မောင်းနှင်သွားလာနိုင်မယ့် အင်ဂျင်

ကားတစ်စီးမှာ အင်ဂျင်က အသက်ပဲဆိုတာကို ကားချစ်သူတိုင်းနားလည်ထားကြပါတယ်။ စွမ်းအားပြည့်အသုံးပြုနိုင်တဲ့ ကားကောင်းတစ်စီးကိုတော့ လူတိုင်းပိုင်ဆိုင်ချင်ကြမှာပါ။ Everest Trend ရဲ့အင်ဂျင်ပါဝါရွေးချယ်မှုအပိုင်းကလည်းလုံးဝလျှော့ချထားခြင်းမရှိပါဘူး။ လောင်စာဆီအားသက်သာစေပြီး လေခွင်းအားပိုကောင်းစေမယ့် စွမ်းရည်ပြည့်အင်ဂျင်အမျိုးအစားတွေတပ်ဆင်အသုံးပြုထားပါတယ်။ Ford Everest Trend တွေမှာတပ်ဆင်ထားတဲ့အင်ဂျင်အမျိုးအစားတွေကို ကြည့်မယ်ဆိုရင်

3.2L TDCi ဒီဇယ်အင်ဂျင်

အင်ဂျင်ပါဝါ 147kW၊ လည်အား 470Nm၊ ဆလင်ဒါ (၅) လုံးထိုးအင်ဂျင်တို့ကြောင့် အော်တိုဂီယာ (၆) ချက်ပါတဲ့ ဂီယာဘောက်စ်ကို ပြည့်စုံစွာလုပ်ဆောင်စေပါတယ်။ လောင်စာဆီတိုက်ရိုက်ဖြည့်နိုင်ခြင်းနဲ့တာဘိုကိုအားသွင်းနိုင်ခြင်းတို့ကြောင့် ထိပ်တန်းယာဉ်အဆင့်ကို ဆွဲတင်ပေးနိုင်စေမှာပါ။ 

2.2L TDCi ဒီဇယ်အင်ဂျင်

ကြီးမားတဲ့ 2.2L TDCi ဒီဇယ်အင်ဂျင်တပ်ထားတဲ့ကားတစ်စီးဟာ ပါဝါ၁၁၈ကီလိုဝပ်နဲ့လည်နှုန်း 385Nmကို ထုတ်ပေးနိုင်ပါတယ်။ ဒါက သာမန်ထက်ပိုမိုချောမွေ့ပြီး လောင်စာကို အံ့သြစရာကောင်းအောင် ထိထိရောက်ရောက်အသုံးပြုစေနိုင်မှာပါ။ အစွမ်းထက်တဲ့ဂီယာအရှိန်ကိုလည်း အကောင်းဆုံးဖြစ်အောင်စွမ်းဆောင်ပေးနိုင်မှာပါ။ 


သင့်ရဲ့လမ်းအဆုံးမှာရှိမယ့်အရာကို ရှာဖွေနိုင်ဖို့

ဘဝမှာလူတိုင်းခရီးလမ်းတစ်ခုရဲ့အဆုံးကိုအရောက်လှမ်းပြီး လမ်းအဆုံးမှာရှိမယ့်အရာကို ရှာဖွေဖို့အတွက် စိတ်ဆန္ဒပြင်းပြနေကြမှာပါ။ ဒီစိတ်ဆန္ဒတွေကို အဆုံးအထိရွက်လွှင့်နိုင်ဖို့အတွက် Ford Everest Trend က မိသားစုဝင်လို. သူငယ်ချင်းမိတ်ဆွေလို ကူညီဖန်တီးပေးနိုင်မှာပါ။ 

Ford Everest Trend ကို ပိုင်ဆိုင်ခွင့်ရထားမယ်ဆိုရင် သင့်အနာဂတ်ရဲ့ခရီးကြမ်းတွေကို အဖော်မွန်ကောင်းတစ်ယောက်နဲ့အတူရှင်သန်ကျော်လွှားနိုင်စေမှာအသေအချာပါပဲ။





က္က