မော်လမြိုင် Isolation Ward 3 မှာတော့ ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာ ၂၀၀ ကျော်ကို ကျန်းမာရေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Hospital Isolation Ward 3 ကနေ ကိုဗစ်အတည်ပြု လူနာတစ်ဦး ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ချက်ချင်းရှာဖွေကာပြန်လည်ခေါ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ 

"အမှန်ကတော့ သူကနဂိုထဲက အရက်ကြောင်တာပေါ့။ အရက်ကသောက်လို့မရတဲ့အခြေအနေ ဆေးရုံရောက်နေတော့နည်းနည်းလေး စိတ်ကယောက်ကယက်ဖြစ်ပြီး နည်းနည်း လေးရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့သဘောပါ။ ညသန်းခေါင် ၂ နာရီကျော်လောက်ဖြစ်သွားတော့လေ။ အခုကတော့ သူ့ကိုနည်းနည်းဖျောင်းဖျဘာညာဆိုတော့ အဆင်ပြေသွားပါပြီ။"လို့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Hospital Isolation Ward 3မှ ဒေါက်တာ သက်ကျော်စိုးကပြောပါတယ်။



နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၂ နာရီလောက်မှာ ၎င်းပိုးတွေ့လူနာက ဆေးရုံကနေ ထွက်ပြေးသွားခဲ့တာဖြစ်ပြီး ၂ နာရီ ခွဲလောက်မှာ သံလွင်ဥယျာဉ်အရှေ့ကနေ တွေ့ရှိခဲ့တယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။ 

"Iso ward 3 ကနေ လူတစ်ယောက် ထွက်ပြေးသွားတယ်ဆိုပြီး ကျွန်တော်တို့ရုံးကို အကြောင်းကြားတာပေါ့၊ကျွန်တော်တို့ အဖွဲ့တွေကချက်ချင်းပဲ PPE တွေဝတ်ပြီး လိုက်ရှာတော့ သံလွင်ဥယျာဉ်ရှေ့မှာတွေ့တယ်။ တခြားသူတွေ နဲ့ထိတွေ့မှုတော့မရှိဘူးလို့သိရတယ်။ ဝန်းဂိတ်မှာတော့ မီးသတ်အဖွဲ့တွေထားတယ်။ ဘယ်လိုထွက်သွားလဲတော့ကျနော်တို့လည်း မသိဘူး။ သူ့ကိုတွေ့ရှိချိန်ကတော့ ၂ နာရီကျော်လောက်ရှိနေပြီ"လို့် မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးမြင့်ဦးကပြောပါတယ်။

အဆိုပါ ပိုးတွေ့လူနာ ဆေးရုံကနေထွက်ပြေးချိန်ဟာ ညသန်းခေါင်ယံဖြစ်နေတာကတစ်ကြောင်း၊ချက်ချင်းရှာဖွေတွေ့ရှိခဲ့တာတွေကြောင့် ၎င်းကတဆင့် တခြားသူကို ထိတွေ့ဆက်ဆံမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ မော်လမြိုင်Isolation Ward 3 မှာတော့ ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာ ၂၀၀ ကျော်ကို ကျန်းမာရေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က