အလုပ်သွားမည့်သူတွေအတွက် ကန့်သတ်မထားဟုဆို

နိုဝင်ဘာ (၂၁) ရက်ကနေ ဒီဇင်ဘာ (၅) ရက်အထိ ကာလအတွင်း ပြည်သူများ နေအိမ်မှာတတ်နိုင်သမျှ နေထိုင်ကြဖို့ ပန်ကြားချက် ထုတ်ပြန်ထားရာမှာ စက်ရုံ၊အလုပ်ရုံများ ယာယီပိတ်ထားဖို့တော့ ညွန်ကြားထားခြင်းမရှိဘူးလို့ စက်မှုဇုန်လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ (၁၉) ရက် က ထုတ်ပြန်တဲ့ ပန်ကြားချက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စတာတွေကို ဆောင်ရွက်ခြင်းမပြုဘဲ ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေနဲ့ အညီလိုက်နာဆောင်ရွက်ဖို့ နေအိမ်တွေမှာ သာတတ်နိုင်သမျှနေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်း ဖော်ပြထားတာပါ။



အဆိုပါ ပန်ကြားချက်အရ စက်ရုံ၊အလုပ်ရုံတွေ ယာယီပိတ်ထားဖို့ တစ်စုံတစ်ရာ အကြောင်းကြားထားတာမျိုးမရှိတာကြောင့် စက်ရုံ၊အလုပ်ရုံတွေကို လက်ရှိဖွင့်မြဲဆဲအတိုင်း ဖွင့်လှစ်သွားမယ်လို့ ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဌ ဦးအေးသောင်းက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ- အောက်တိုဘာ (၁၄) ရက်က စက်ရုံ၊အလုပ်ရုံများ ပြန်ဖွင့်စဉ်။

“ အခုက Lock Down လုပ်တာ မဟုတ်တဲ့အတွက် Stay at Home လုပ်တဲ့အတွက် ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်းပဲ စက်ရုံသွားမယ့်သူက သွားမြဲသွားရမယ်။ အရေးကြီးလို့ ထွက်ချင်တဲ့သူထွက်လို့ရတယ်ဆိုတဲ့သဘော။ ဒီ(၂၁) ရက်ကနေ (၅) ရက်နေ့အထိကိစ္စကို သေချာမေးတဲ့အခါမှာ အရင်ဥပဒေညွှန်ကြားချက်အတိုင်း လိုက်နာပါဆိုတော့ ဦးတို့ စက်ရုံတွေက ဖွင့်မြဲဖွင့်ရမယ်သဘော သက်ရောက်သွားတယ်” လို့ ဦးအေးသောင်းက ဆက်ပြောပါတယ်။

ဒီလိုစက်ရုံတွေ ယာယီပိတ်သိမ်းဖို့ ရှိ၊မရှိဆိုတာနဲ့ပတ်သက်ပြီး တောင်ဒဂုံစက်မှုဇုန် (၁) ဥက္ကဌ ဦးတင်မောင်ညွှန့်က “ စက်ရုံတွေ ပိတ်ဖို့ မရှိဘူး။ Stay at Home အလုပ်သွားမယ့်သူတွေအတွက် အကန့်အသတ်မပါပါဘူး” လို့လည်း ဆိုပါတယ်။ 

ဒါကြောင့် နိုဝင်ဘာ (၂၁) ရက်ကနေ ဒီဇင်ဘာ (၅) ရက်နေ့အထိ စက်ရုံ၊အလုပ်ရုံများယာယီပိတ်ရန် ညွှန်ကြားချက် သို့မဟုတ် အမိန်တစ်စုံတစ်ရာ မတွေ့ရှိပါကြောင်းနဲ့ စက်ရုံအလုပ်ရုံတွေမှာတန်ဆောင်တိုင်ပွဲတော်ကာလ ကထိန်အလှူပွဲတွေ ပြုလုပ်တဲ့ အလေ့အထရှိကြတာကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရေးညွှန်ကြားချက်နဲ့ အညီလိုက်နာဆောင်ရွက်ကြဖို့ကိုလည်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်အသင်းကလည်း အသိပေးကြေညာထားပါတယ်။

လက်ရှိမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းအရ A,B အဆင့်ရထားတဲ့ စက်ရုံအလုပ်ရုံတွေ ပြန်လည် လည်ပတ်နေတာဖြစ်ပြီး C အဆင့်ရထားတဲ့ စက်ရုံတွေအနေနဲ့ကတော့ ပြန်ဖွင့်ခွင့်မရသေးဘူးလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က