မြန်မာနိုင်ငံကိုတော့ ဝင်ရောက်နိုင်ခြင်းမရှိဘူးလို့ ခန့်မှန်းထားပါတယ်။

ဒီကနေ့မနက် မြန်မာစံတော်ချိန် (၈)နာရီ၊မိနစ် (၃၀)ချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာခဲ့ပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

အဆိုပါ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ ပူဒူချယ်ရီမြို့ရဲ့ အနောက်တောင်ဘက်နဲ့ ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ရှိ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလ က ဒီကနေ့ မနက် (၉:၁၅)မိနစ်အချိန်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မုန်တိုင်းငယ်ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်မယ့် အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သာသတ်မှတ်ထားပါတယ်။



လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ လေတိုက်နှုန်းက တစ်နာရီကို မိုင် (၃၀)နှုန်းဖြစ်ပြီး နောက် (၂၄)နာရီအတွင်းမှာ ပိုမိုအားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဆိုင်ကလုန်းမုန်းတိုင်းအဖြစ်ရောက်ရှိပါက နိုဝင်ဘာလ (၂၅)ရက်နေ့မှာ အိန္ဒိယနိုင်ငံ တမီးလ်နာဒူး ကမ်းခြေနဲ့ ပူဒူချယ်ရီကမ်းခြေအနီးကိုဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့မုန်တိုင်းဟာ မြန်မာနိုင်ငံကိုဝင်ရောက်နိုင်ခြင်းမရှိပေမယ့် မုန်တိုင်းရဲ့ အရှိန်ကြောင့် ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေကတော့ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တင်္နသာရီတိုင်းတို့မှာလည်း နိုဝင်ဘာ ၂၃၊၂၄ ရက်တို့မှာ မိုးရွာသွန်းနိုင်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က