မိသားစုဝင်တွေနဲ့ဝန်ထမ်း ၁၀ ဦးခန့်ကူးစက်ခံလိုက်ရတာဖြစ် တယ်လို့လည်းသိရပါတယ်။
Minn Nandar

မန္တလေးမြို့က နိုင်ငံကျော်စာရေးဆရာကြီးညီပုလေးအပါအဝင် လူထုစာအုပ်တိုက်မိသားစုဝင်တွေ ကိုဗစ်ရောဂါကူးစက်ခံရလို့ ဆေးရုံမှာတက်ရောက်ကုသမှုခံယူနေရတယ်လို့သိရပါတယ်။


စာအုပ်တိုက်ရဲ့ဝန်ထမ်းတစ်ဦးမှာရောဂါပိုးတွေ့တာကနေစခဲ့တာဖြစ်ပြီး အဲဒီကတစ်ဆင့် မိသားစုဝင်တွေနဲ့ဝန်ထမ်း ၁၀ ဦးခန့်ကူးစက်ခံလိုက်ရတာဖြစ် တယ်လို့လည်းသိရပါတယ်။ "အလုပ်ထဲအတူနေတဲ့ကလေးတွေဆီကနေစကူးတာပါ၊ အဲဒီကလေးပိုးတွေ့လို့ထပ်စစ်တော့ ပိုးတွေ့ကြတာပါ၊ ကျွန်တော်တို့ကျန်းမာရေးကောင်းကြပါတယ်"လို့ စာရေးဆရာညီပုလေးက Duwun ကိုပြောပါတယ်။ လက်ရှိမှာတော့ စာရေးဆရာညီပုလေးအပါအဝင် ရောဂါပိုးတွေ့မိသားစုဝင်ဝန်ထမ်းတွေကို မန္တလေးမြို့ကကိုဗစ်ရောဂါပိုး တွေ့လူနာတွေသီးသန့်ကုသဆေးရုံတွေမှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးထားတယ်လို့သိရပါတယ်။


မန္တလေးခရိုင်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃,၁၀၄ ဦးအထိရှိနေပြီး အဲဒီအထဲမှာ ချမ်းအေးသာစံမြို့နယ်က ၈၄၄ ဦး၊ မဟာအောင် မြေမြို့နယ်က ၆၇၆ ဦး၊ အမရပူရမြို့နယ်မှာ ၄၇၆ ဦး၊ အောင်မြေသာစံမြို့နယ်မှာ ၄၅၉ ဦး၊ ချမ်းမြသာစည်မြို့နယ်မှာ ၂၄၄ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ၂၃၀ ဦးနဲ့ပုသိမ်ကြီးမြို့နယ်မှာ ၁၇၅ ဦးတို့ဖြစ်ပါတယ်။


Author

  • Minn Nandar

က္က