လေလွင့်လူငယ်တွေဟာ ခုံးကျော်တံတားအောက်နဲ့ သံလမ်းဘေးလိုနေရာတွေမှာ ကော်ရှူရင်း မှောင်ရိပ်ခိုနေထိုင်ကြသူတွေ ဖြစ်ပါတယ်။

ဦးပွားခုံးကျော်တံတားအဆင်းမှာ သေဆုံးလျက်တွေ့ရတဲ့ ကိုဗစ်ရောဂါပိုးတွေ့လေလွင့်ကလေးငယ်နဲ့ထိစပ်သူ ၉ဦးကို မနေ့ကညနေပိုင်းက ဇီးပင်ကြီးကွာရန်တင်းစင်တာဆီပို့ဆောင်ထားပြီးဖြစ်တယ်လို့ ချမ်းမြသာစည်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဇေယျာ ထွန်းက Duwun ကိုပြောပါတယ်။

Photo: ချမ်းမြသုခပရဟိတလူမှုကူညီရေးအသင်း

"ကျွန်တော်တို့ကွာရန်တင်းလုပ်ထားပါပြီဗျ၊ ဇီးပင်ကြီးကွာရန်တင်းစင်တာဆီကို မနေ့ကပို့ထားလိုက်ပါပြီ၊ Swab ယူစစ်ဆေးတာတို့ဘာတို့ကို ကျန်းမာရေးဂိုက်လိုင်းနဲ့အညီ ဇီးပင်ကြီးကပဲဆက်လက်ဆောင်ရွက်မှာပါ၊ အားလုံးပေါင်း ၉ ဦးပါ" လို့ ၎င်းကပြောပါတယ်။ မန္တလေး ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်တံတားအဆင်းမှာ နိုဝင်ဘာ ၂၁ ရက်ကသေဆုံးခဲ့တဲ့ အသက် ၁၅ နှစ်အရွယ်ဝန်းကျင် လေလွင့်ကလေးငယ် ရဲ့အလောင်းကို စစ်ဆေးတာမှာကိုဗစ်ရောဂါပိုးတွေ့ရှိရကြောင်းသိရလို့ ၎င်းနဲ့ထိစပ်သူတွေဆက်ရှိနိုင်တယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက သက်ဆိုင်ရာအကူအညီတွေနဲ့ လိုက်လံရှာဖွေခဲ့တာမှာ နောက်ထပ်လေလွင့်ကလေးငယ် ၉ ဦးထပ်မံတွေ့ရှိခဲ့ပါတယ်။



Photo: ချမ်းမြသုခပရဟိတလူမှုကူညီရေးအသင်း

"ဦးပွားခုံးကျော်တံတားရဲ့အဆင်းမှာ လူတစ်ယောက်လဲကျသေဆုံးနေတာကိုသတင်းရတာနဲ့သွားကြည့်တာပေါ့ သွားကြည့်တော့ အိမ်ခြေရာမဲ့ကလေးငယ် ဖြစ်နေတာတွေ့ရလို့ တိုင်းကျန်းမာရေးဦးစီးဌာနကို ဆေးစာနဲ့ပို့တယ်၊ လတ်တလောမှာက သေဆုံးတာမှန်သမျှကို ကိုဗစ်ရောဂါရှိမရှိစစ်ဆေးကြတာကိုး၊ ကိုဗစ်ရောဂါပိုးရှိမရှိစစ်ဆေးတဲ့အခါမှာ သူ့မှာရောဂါရှိတာတွေ့ရလို့ သူနဲ့အတူတူတောင်းရမ်းစားသောက်တဲ့ကလေးတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင်လိုက်လံရှာဖွေတော့ ကျွန်တော်တို့မြို့နယ်အတွင်းမှာပဲ လူ ၉ ဦးတွေ့တယ် မနေ့ကဇီးပင်ကြီးကွာရန်တင်းစင်တာဆီပို့ဆောင် ထားလိုက်ပါပြီ"လို့လည်း ဦးစိုးဇေယျာထွန်းကပြောပါတယ်။

Photo: ချမ်းမြသုခပရဟိတလူမှုကူညီရေးအသင်း

သေဆုံးသူကလေးငယ်နဲ့ ကွာရန်တင်းပို့ထားတဲ့ကလေးငယ် ၉ ဦးဟာ အိမ်ခြေရာမဲ့လေလွင့်ကလေးငယ်တွေပဲဖြစ်ပြီး ၎င်းတို့ဟာ လမ်းဆုံမီးပွိုင့်တွေမှာ တောင်းရမ်းစားသောက်နေထိုင်ကြသူတွေချည်းဖြစ်တယ်လို့သိရပါတယ်။ ဒီကလေးတွေက ကော်ရှူတဲ့ကလေးတွေ နေရာစုံသွားနေတဲ့ကလေးတွေဆိုတော့ ဒီအပေါ်မှာတော့အသေးစိတ်မသိရသေးဘူး သိရသလောက်ကတော့ သေသွားတဲ့ကလေးငယ်လေးမှာ ကိုဗစ်ရောဂါရှိတယ်လောက်ပဲသိရတာပါ လို့လည်း ဦးစိုးဇေယျာထွန်းကပြောပါတယ်။ ကွာရန်တင်းစင်တာပို့ဆောင်ထားတဲ့ လေလွင့်လူငယ်တွေဟာ ခုံးကျော်တံတားအောက်နဲ့သံလမ်းဘေးလိုနေရာတွေမှာ ကော်ရှူရင်း မှောင်ရိပ်ခိုနေထိုင်ကြသူတွေလည်းဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က