တစ်နေ့ကို လူနာ (၅၀)ဝန်းကျင်ခန့်တွေ့ရှိနေတာပါ။

မွန်ပြည်နယ်မှာ အနံ့မရတာကနေစတင်ပြီး ပိုးတွေ့ရှိတဲ့ ကိုဗစ်လူနာအရေအတွက်က တစ်နေ့တစ်ခြားများလာပြီး တစ်နေ့ကို လူနာအရေအတွက် (၅၀)ဝန်းကျင်ခန့်တွေ့ရှိနေတယ်လို့ သိရပါတယ်။ 

photo- Zin Moe



လူနာအရေအတွက်များလာသလို ပြည်သူတွေအနေနဲ့ကလည်း ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကိုလိုက်နာမှုအားနည်းနေပြီး အခုလိုသာ စည်းကမ်းလိုက်နာမှုတွေအားနည်းနေရင်တော့ ထိန်းချုပ်ရခက်ခဲတဲ့ အခြေအနေထိရောက်ရှိလာနိုင်တယ်လို့ ပြည်နယ်ကျန်းမာရေး ဒု-ဦးစီးမှူး ဒေါက်တာဝတ်မှုံက Duwunကိုပြောပါတယ်။ 

“ အနံ့မရလို့စစ်တာကနေ ပိုးတွေ့တယ်။ သူနဲ့ထိတွေ့ထားသူတွေမှာပါ ထပ်တွေ့တယ်။ အခုတလော တွေ့တဲ့လူနာတွေက တစ်မြို့ပြီး တစ်မြို့ အနံ့မရလို့ စစ်တာကနေ ပိုးတွေ့တဲ့လူနာတွေကများလားတယ်။ အရင်ကပိုးတွေ့လူနာတွေကခရီးသွားရာဇဝင်ရှိတဲ့သူတွေဆိုတော့ နိုင်နိုင်နင်းနင်းထိန်းချုပ်လို့ရတယ်။ အခုကပြည်တွင်းကူးစက်မှုပျံ့နှံ့နေတာဆိုတော့ အဓိက ပြည်သူတွေလိုက်နာဖို့လိုပါပြီ။ လေ့လာကြည့်သလောက် ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာမှုအားနည်းကြပါတယ်။ mask တောင်မတပ်ကြဘူးဆိုတော့။ အခုလိုသာ လိုက်နာမှုတွေအားနည်းနေဦးမယ်ဆိုရင် ထိန်းချုပ်ရတာ ခက်ခဲလာပါလိမ့်မယ်” လို့ ဒေါက်တာဝတ်မှုံကပြောကြားခဲ့တာပါ။

photo- Zin Moe

တစ်နေ့နဲ့ တစ်နေ့ ပိုးတွေ့ လူနာများလာနဲ့အမျှ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတွေအနေနဲ့ကလည်း နေ့ညမရွေး တာဝန်တွေထမ်းဆောင်ပြီး ကူညီဆောင်ရွက်ပေးနေကြရပါတယ်။ 

" ပိုးတွေ့လူနာ များလာတာနဲ့ အမျှ သူတို့နဲ့ ထိတွေ့ထားသူတွေကို လိုက်ရတာလည်းများတာပေါ့။ အားလုံးကတော့ နေ့မအား၊ ည မအားလုပ်ဆောင်ပေးရတယ်။ မထွက်ရဘူးဆိုရင်တောင် တစ်နေ့ကို အခေါက် (၂၀)လောက်ထွက်ရပါတယ်။ ကျွန်တော်တို့အဖွဲ့ဆို ကိုဗစ်အတွက် သီးသန့်ကူညီရေးအဖွဲ့တစ်ဖွဲ့ထားပြီး အိမ်မပြန်ဘဲ ကွာရန်တင်းစင်တာမှာပဲနေပြီး နေ့နေ့ညည ကူညီဆောင်ရွက်ပေးနေတယ်" လို့ မော်လမြိုင် RESCUEကွန်ယက်မှ ကိုဇင်မိုးက Duwun ကိုပြောပါတယ်။

မွန်ပြည်နယ်က ပရဟိတအဖွဲ့တွေ ကြက်ခြေနီအဖွဲ့တွေအနေနဲ့ ကိုဗစ်ကူညီရေးလုပ်ငန်းတွေကိုဆောင်ရွက်ရင်း ရောဂါပိုး ကူးစက်ခံရတာ (၁၀)ဦးလောက်ရှိတယ်လို့ သိရပါတယ်။ .မွန်ပြည်နယ်မှာ ပိုးတွေ့လူနာတွေမြင့်တက်နေပေမယ့် သေဆုံးလူနာမရှိတာ တစ်လနီးပါးရှိနေပါပြီ။ ဒီကနေ့ နိုဝင်ဘာလ( ၂၃)ရက်နေ့ မနက်ပိုင်းအထိတော့ ပိုးတွေ့လူနာပေါင်း (၁၁၅၆)နဲ့ သေဆုံးလူနာ ( ၁၀ )ဦးထိရှိပါတယ်။ လူနာတွေကိုတော့ မော်လမြိုင်ဆေးရုံကြီး အပါအဝင် ကိုဗစ်ကုသရေးစင်တာ (၃)ခုမှာ ထားရှိကုသပေးနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က