မန္တလေးမှာ ကိုဗစ်ရောဂါအတည်ပြုလူနာ ၄,၃၂၉ ဦးရှိပြီး ရောဂါပျောက်လို့ဆေးရုံကဆင်းခွင့်ရသွားသူ ၂,၈၀၀ ကျော်ရှိပါတယ်။

မန္တလေးမြို့မှာ မနေ့က ကိုဗစ်ရောဂါအတည်ပြုလူနာ ၂ ဦးထပ်မံသေဆုံးမှုဖြစ်ခဲ့တယ်လို့ သက်ဆိုင်ရာမြို့နယ်အလိုက် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေဆီကနေ သိရပါတယ်။

 ဧရာဝတီစင်တာမှသေဆုံးသူနှစ်ဦးရဲ့အလောင်းတွေကို ပရဟိတမင်းခေါင်လူမှုရေးအသင်းကြီးက ကောင်းမွန်စွာနဲ့ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ (Photo: ပရဟိတမင်းခေါင်လူမှုကူညီရေးအသင်း)

သေဆုံးသူတွေဟာ ချမ်းမြသာစည်မြို့နယ်နဲ့အမရပူရမြို့နယ်တို့ကဖြစ်ပြီး မကြာခင်ကမှအသစ်ဖွင့်လှစ်ထားတဲ့ဧရာဝတီကုသရေးစင်တာ အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှုခံယူနေကြတဲ့သွေးတိုးဆီးချိုရောဂါအခံရှိသူတွေဖြစ်တယ်လို့လည်းသိရပါတယ်။ "ကျွန်တော့မြို့နယ်ကသေဆုံးတစ်ယောက်က ချမ်းမြသာစည်တောင်ရပ်ကွက်ကပါ၊ အသက် ၅၅ နှစ်အရွယ်အမျိုးသားပါ၊ သွေးတိုးဆီးချိုရောဂါအခံရှိပါ တယ်၊ ၁၈ ရက်နေ့ကပေ့ါစတစ်ဖြစ်တာကနေ မနေ့ကဆုံးသွားတာပါ" လို့ ချမ်းမြသာစည်မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဇေယျာထွန်းကပြောပါတယ်။



 ဧရာဝတီစင်တာမှသေဆုံးသူနှစ်ဦးရဲ့အလောင်းတွေကို ပရဟိတမင်းခေါင်လူမှုရေးအသင်းကြီးက ကောင်းမွန်စွာနဲ့ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ (Photo: ပရဟိတမင်းခေါင်လူမှုကူညီရေးအသင်း)

နောက်ထပ်သေဆုံးသူတစ်ဦးဖြစ်တဲ့အမရပူမြို့နယ်နေသူကတော့ အသက် ၆၆ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ၎င်းဟာလည်း သွေးတိုးဆီးချိုရောဂါအခံနဲ့ပဲ မနေ့ကည ၁၀ နာရီခွဲအချိန်ခန့်ကသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။"သေဆုံးသူက မြစ်ငယ်ဘက်ကပါ၊ ဆီးချိုသွေးတိုးနဲ့ဆေးရုံတက်နေရင်း ၁၂ ရက်နေ့ကပိုးတွေ့လူနာဖြစ်ခဲ့တာပါ၊ မနေ့ညကဆုံးတာပါ လို့ အမရပူရမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖေသက်ထွန်းကပြောပါတယ်။

 ဧရာဝတီစင်တာမှသေဆုံးသူနှစ်ဦးရဲ့အလောင်းတွေကို ပရဟိတမင်းခေါင်လူမှုရေးအသင်းကြီးက ကောင်းမွန်စွာနဲ့ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ (Photo: ပရဟိတမင်းခေါင်လူမှုကူညီရေးအသင်း)

လက်ရှိမှာတော့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့လူနာသေဆုံးမှုအနေနဲ့ မဟာအောင်မြေမြို့နယ်က ၅ ဦး၊ ချမ်းအေးသာစံမြို့နယ်က ၆ ဦး၊ အောင်မြေသာစံမြို့နယ်က ၃ ဦး၊ အမရပူရမြို့နယ်က ၃ ဦး၊ ပုသိမ်ကြီးမြို့နယ်က ၁ ဦး၊ ချမ်းမြသာစည်မြို့နယ်က ၂ ဦး၊ မြင်းခြံမြို့က ၁ ဦးနဲ့ မိုးကုတ်မြို့က ၁ ဦး စုစုပေါင်း ၂၂ ဦးအထိရှိနေပြီဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရဆီကနေရရှိထားတဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့အထိစာရင်းအရ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်ရောဂါအတည်ပြုလူနာ ၄,၃၂၉ ဦးရှိပြီး ရောဂါပျောက်လို့ဆေးရုံကဆင်းခွင့်ရသွားသူအနေနဲ့တော့ ၂,၈၀၀ ကျော်ရှိတယ်လို့သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က