ဆိုင်ကိုတော့ ယာယီပိတ်ထားပါတယ်။

စမ်းချောင်းမြို့နယ်ရှိ SPIRITS Fashion Accessories ဆိုင်က ဝန်ထမ်း (၁၀) ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့လို့ ဆိုင်က အခြားဝန်ထမ်းတွေအပါအဝင် အနီးကပ်ထိတွေ့သူ (၁၅၄) ဦးကို ကွာရန်တင်းစင်တာသို့ ပို့ဆောင်ထားရှိလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၈) ရက်က ဆိုင်ရှိ အမျိုးသားဝန်ထမ်းတစ်ဦး အနံ့မရခဲ့ကြောင်း သိရှိရတာကြောင့် ကျန်နေတဲ့ဆိုင်ဝန်ထမ်းအားလုံးကိုလည်း ကိုဗစ်ပိုးရှိ၊မရှိစစ်ဆေးမှာဖြစ်ပြီး ဆိုင်ကိုလည်း ယာယီပိတ်ထားမှာဖြစ်တယ်လို့ SPIRITS Fashion Accessories ဆိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကြေညာထားခဲ့ပါတယ်။



အဲဒီနောက် အနံ့မရတဲ့ ဝန်ထမ်းအမျိုးသားမှာ ကိုဗစ်-၁၉ Positive ဖြစ်ခဲ့ပြီး ကျန်တဲ့ ဝန်ထမ်းတွေထဲက (၉)ဦးမှာလည်း ကိုဗစ်-၁၉ Positive ဖြစ်ကြောင်း တွေ့ခဲ့ရတယ်လို့သိရပါတယ်။

“ အနံ့ပျောက်တဲ့ဝန်ထမ်းကိုစစ်လိုက်တဲ့အခါမှာ Positive တယ်ပေါ့နော်။ Positiveဖြစ်တဲ့အခါ တစ်ဆိုင်လုံးမှာရှိတဲ့ ဝန်ထမ်းအားလုံး (၁၅၀) ကျော်ကို ကွာရန်တင်းစင်တာကိုပို့ပြီးစစ်လိုက်တော့ နောက်ထပ် (၉) ဦးထပ်တွေ့တယ်။ ကျန်တဲ့လူတွေကတော့ ကွာရန်တင်းဆက်ဝင်နေတယ်။ ပိုးတွေ့တဲ့လူတွေကတော့ သက်ဆိုင်ရာစင်တာတွေဆီခေါ်သွားပါပြီ"”လို့ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဘိုဘိုဦးက Duwun ကို ပြောပါတယ်။

ပိုးတွေ့ရှိခဲ့တဲ့ ဝန်ထမ်းတွေကတော့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး နောက်ရက်တွေမှာလည်း စစ်ဆေးမှုတွေ ထပ်မံပြုလုပ်သွားမယ်လို့ SPIRITS Fashion Accessories ဆိုင်က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ SPIRITS ဆိုင်ကို စက်တင်ဘာ (၁၄) ရက်ကနေ (၂၃) ရက်ထိ ခေတ္တပိတ်ထားမယ်လို့ ကြေညာထားခဲ့ပြီး အဲဒီနောက်မှာတော့ စက်တင်ဘာ (၂၄) ရက်ကနေ ရက်အတော်ကြာ ခေတ္တပိတ်ထားဦးမှာဖြစ်တယ်လို့လည်း ထပ်မံ ကြေညာခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က