အနီးအနားရှိ NearMe ဆိုင်တွေမှာ အနည်းဆုံးငွေဖြည့်ပမာဏ ၁၀,၀၀၀ ကျပ် ကစပြီး အခကြေးငွေတစ်ပြားတစ်ချပ်မှ ပေးဆောင်စရာမလိုဘဲ အချိန်မကုန် လူမပင်ပန်းဘဲ ငွေဖြည့်သွင်းနိုင်မယ့် ဝန်ဆောင်မှု (E-money ငွေဖြည့်သွင်းမှု)ကို လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်ပါပြီ။
Saint Sandy Htet

မြန်မာနိုင်ငံရဲ့ ယုံကြည်စိတ်ချရဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ MPT Money က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၉ ရက်ကစပြီး  လုပ်ငန်းဆောင်ရွက်မှုတွေအားလုံးမှာ “MPT Pay” အမည်သစ်နဲ့ ပြောင်းလဲပြီး အသုံးပြုဆောင်ရွက်နေပါတယ်။  

 

MPT Pay ဆိုတာ ငွေသွင်း ငွေထုတ်ဝန်ဆောင်မှု၊ မီတာဘေလ်ပေးချေမှု၊ ဈေးဝယ် ငွေပေးချေနိုင်မှု၊ ပင်စင်လစာဝန်ဆောင်မှု၊ MPT နဲ့ အခြား အော်ပရေတာတွေရဲ့ ဆင်းမ်ကတ်အသုံးပြုမှုအတွက် ဖုန်းဘေလ်ဖြည့်မှုနဲ့ အင်တာနက်ပက်ကေ့ချ်တွေ ဝယ်ယူမှု၊ ငွေတောင်းခံလွှာတွေကို ပေးချေမှု အစရှိတဲ့ ဝန်ဆောင်မှုတွေ အားလုံးကို တစ်နေရာတည်းကနေ အလွယ်တကူ အသုံးပြုနိုင်တဲ့ Application ဖြစ်ပါတယ်။    

 

MPT Pay သုံးစွဲသူတွေ ပိုမိုလွယ်ကူအဆင်ပြေစေဖို့အတွက် MPU, Visa, MasterCard, JCB နဲ့ UnionPay စတဲ့ ငွေပေးချေမှုကတ်တွေကတစ်ဆင့် အနည်းဆုံး ၅,၀၀၀ ကျပ်ကစပြီး MPT Pay E-wallet ထဲကို တိုက်ရိုက် ငွေဖြည့်သွင်းနိုင်မယ့် ဝန်ဆောင်မှု နဲ့ အနီးအနားရှိ NearMe ဆိုင်တွေမှာ အနည်းဆုံးငွေဖြည့်ပမာဏ ၁၀,၀၀၀ ကျပ် ကစပြီး အခကြေးငွေတစ်ပြားတစ်ချပ်မှ ပေးဆောင်စရာမလိုဘဲ အချိန်မကုန် လူမပင်ပန်းဘဲ ငွေဖြည့်သွင်းနိုင်မယ့် ဝန်ဆောင်မှု (E-money ငွေဖြည့်သွင်းမှု)ကို လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်ပါပြီ။  

 

MPT Pay ကို အသုံးပြုနေသူ မိဘပြည်သူတွေအနေနဲ့ ရန်ကုန်မြို့ အနှံ့က City Mart, City Express, Ocean, City Mart Marketplace, Oasis, Amazing Mart, Amazing Mall, Life Plus, RH & RV Mobile, Aeon Orange Super Market, Carrefour Easy နဲ့ Denko ဆီဆိုင်တွေ အပါအဝင် NearMe ကိုယ်စားလှယ်ပေါင်း (၅၀၀)ကျော်နဲ့ လက်တွဲလုပ်ဆောင်နေတဲ့အပြင် AYA Bank,  CB Bank  နဲ့ အခြား ကိုယ်စားလှယ်တွေကနေတစ်ဆင့်လည်း MPT Pay အတွက် ငွေဖြည့်သွင်းမှုတွေကို လုပ်ဆောင်နိုင်ပါတယ်။ 

 

အခုလို အကျိုးရှိတဲ့ ငွေဖြည့်သွင်းမှု နည်းလမ်းအတွက် ခိုင်မာမှုရှိတဲ့ NearMe ဆိုင်တွေ၊ အီလက်ထရောနစ် ငွေပေးချေမှုကတ် ဝန်ဆောင်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက တစ်ဆင့် MPT Pay ဟာ သုံးစွဲသူတွေအတွက် မြန်မာနိုင်ငံရဲ့ရှေ့ဆောင် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုအနေနဲ့ အခိုင်အမာရပ်တည်နေပါတယ်။ 

 MPT Pay အကောင့်ထဲကို MPU ကတ်နဲ့ ငွေဖြည့်ဝန်ဆောင်မှု လုပ်ဆောင်ဖို့အတွက် E-commerce စနစ်ကို အသုံးပြုနိုင်တဲ့ ငွေပေးချေကတ်တွေနဲ့သာ လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် MPU ကတ်သုံးစွဲသူတွေအနေနဲ့ E-commerce ဝန်ဆောင်မှုကို https://www.mpu-ecommerce.com/Payment/OnlineEnrollment/Checkကနေ လျှောက်ထားနိုင်ပြီး ကျန်ကတ်အမျိုးအစားတွေ အတွက်တော့ E-commerce စနစ်ကို လျှောက်ထားဖို့ မလိုပါဘူး။ MPT Pay ကို အသုံးပြုပြီး ငွေသုံးစွဲမှု၊ငွေ​ပေးချေမှုတွေကို အလွယ်တကူပြုလုပ်ချင်တယ်ဆိုရင်တော့ MPT Pay App ကို အောက်ပါ link တွေမှာ download ရယူနိုင်ပါတယ်။ 

 

Andriod - http://bit.ly/MPTPayAndroid 

iOS - http://bit.ly/MPTPay_iOS 






Author


က္က