လက်ရှိ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်အနက် နိုင်ငံ (၁၁)ခုက လူသားတွေမှာ စမ်းသပ်နေတဲ့ နောက်ဆုံးအဆင့် ရောက်ရှိနေပြီး အောင်မြင်မှုကလည်း (၉၀) ရာခိုင်နှုန်းကျော် ရရှိထားတယ်လို့လည်း အမျိုးသားအဆင့် ကာကွယ်ရေးဆိုင်ရာ အကြံပေးကော်မတီ ပါမောက္ခဒေါက်တာစောဝင်းက Duwun ကိုပြောကြားထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရရှိလာပါက ထားရှိသိုလှောင်ရန်အတွက် အလွန်အေးသော အအေးလမ်းကြောင်းစနစ်ထားရှိရမည်ဖြစ်ကာ လိုအပ်သည်များကို ပြင်ဆင်မှုလုပ်နေပြီးလိုအပ်သည်များကို ဝယ်ယူရန်ဆွေးနွေးမှုများစတင်လုပ်ဆောင်နေပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။


နိုဝင်ဘာ ၂၅ရက်နေ့ကပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးမှာ ဒေါက်တာမြင့်ထွေးကပြောခဲ့တာဖြစ်ပြီး ဦးစားပေးအစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်နေပြီး ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်နေတဲ့နိုင်ငံတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်မှုတွေတောက်လျှောက်လုပ်နေတယ်လို့ဆိုပါတယ်။ "လက်ရှိတွင် ကမ္ဘာ့ နိုင်ငံတွေက ကုမ္ပဏီအများအပြားမှာ လက်တွေ့စမ်းသပ် သုတေသနပြုမှုပြုလုပ်နေတဲ့ COVID-19 ကာကွယ်ဆေးတွေအနက်အတိုင်းအတာတစ်ခုအထိအောင်မြင်မှုလမ်းစတွေ့ရှိနေတဲ့ ကာကွယ်ဆေးအချို့ကအလွန်အမင်းအေးတဲ့ အအေးလမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) (ultra-cold storage) နဲ့ ထားရမှာဖြစ်လို့ ဝန်ကြီးဌာနအနေနဲ့ အဆိုပါကာကွယ်ဆေးကိုဝယ်ယူမယ်ဆိုရင် အလွန်အမင်းအေးတဲ့ အအေးလမ်းကြောင်းသိုလှောင်မှုစနစ်ကို ရရှိနိုင်ရေးအတွက် လိုအပ်သည်များကိုလည်း ဝယ်ယူရန်စီစဉ်ဆွေးနွေးနေတယ်"လို့ ကျန်းမာရေးဝန်ကြီးကပြောပါတယ်။ 



ကိုဗစ်-၁၉ကာကွယ်ဆေးကို မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံများနဲ့တန်းတူဝယ်ယူရရှိနိုင်ရေးအတွက် ကြိုးပမ်းနေပေမယ့်လည်း တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ဖို့အတွက် အချိန်ယူရမှာဖြစ်ပြီး အချိန်တိုအတွင်းရရှိနိုင်ရန်ခက်ခဲမယ်လို့လည်း ဝန်ကြီးကအသိပေးပါတယ်။ မြန်မာနိုင်ငံမှာထိုးနှံအသုံးပြုမယ့် COVID-19 ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုသော (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း (FDA) များ မှ တရားဝင်အသိအမှတ်ပြုထားသော (သို့မဟုတ်) သက်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများမှ အရေးပေါ်သုံးစွဲခွင့် (Emergency use authorization) ရရှိထားသော ကာကွယ်ဆေးများကိုသာ အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး အခြားသောအရည်အသွေးနှင့် အာနိသင် အာမခံချက်မရှိသော ကာကွယ်ဆေးများကို လုံးဝအသုံးပြုခွင့် ပေးမည်မဟုတ်ပါကြောင်းလည်းဆိုပါတယ်။ လက်ရှိ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်အနက် နိုင်ငံ (၁၁)ခုက လူသားတွေမှာ စမ်းသပ်နေတဲ့ နောက်ဆုံးအဆင့် ရောက်ရှိနေပြီး အောင်မြင်မှုကလည်း (၉၀) ရာခိုင်နှုန်းကျော် ရရှိထားတယ်လို့လည်း အမျိုးသားအဆင့် ကာကွယ်ရေးဆိုင်ရာ အကြံပေးကော်မတီ ပါမောက္ခဒေါက်တာစောဝင်းက Duwun ကိုပြောကြားထားပါတယ်။ အဆိုပါ နိုင်ငံတွေမှာ လာမယ့် ဒီဇင်ဘာလလောက်မှာ စတင်ထိုးနှံဖို့ မျှော်မှန်ထားပြီး မြန်မာနိုင်ငံကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့ရမယ့် (၉၂) နိုင်ငံထဲမှာ ပါဝင်တာကြောင့် ထိုးနှံခွင့်ရတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။





က္က