မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်နဲ့အတူ မိသားစုနှစ်ဦး၊ ဆိုင်ဝန်ထမ်း ၁၀ ဦးခန့်လည်း ရောဂါကူးစက်ခံခဲ့ရပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရလို့ မန္တလေးဧရာဝတီစင်တာမှာတက်ရောက်ကုသမှုခံယူနေတဲ့ မန္တလေးမြို့က မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်ဖြစ်သူဟာ ဒီကနေ့ မနက်အစောပိုင်းမှာပဲ ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။

အတည်ပြုလူနာလေးဦးရဲ့နောက်ဆုံးဈာပနခရီးကို ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအသင်းက ကောင်းမွန်စွာနဲ့ပို့ဆောင်ပေးခဲ့ပါတယ်။ (ဓာတ်ပုံ ပရဟိတမင်းခေါင်)

ဧရာဝတီစင်တာအထူးကြပ်မတ်ကုသဆောင်မှာ မနက် ၆ နာရီခွဲလောက်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူက ကိုဗစ်ရောဂါပိုးကူးစက်မှုမခံရစဉ်ကတည်းက ရောဂါအခံရှိသူတစ်ဦးဖြစ်တယ်လို့ ဧရာဝတီစင်တာတာဝန်ရှိသူတစ်ဦး အတည်ပြုပြောပါတယ်။ "ဒီနေ့မနက် ၆ ခွဲလောက်မှာဆုံးတာပါ ကိုဗစ်ရောဂါဆေးကုသမှုခံယူနေရင်းဆုံးတာဖြစ်ပါတယ် နှလုံးရောဂါအခံလည်းရှိထားသူပါ" လို့ ၎င်းကဆိုပါတယ်။



မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်ဦးအောင်တင်(အသက် ၆၀ နှစ်)က ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ ရက်နေ့က ကိုဗစ်ရောဂါကူးစက်ခံရလို့ ဆေးရုံတက်ရောက်ကုသမှုခံယူနေရတာဖြစ်ပြီး ၎င်းနဲ့အတူ မိသားစုနှစ်ဦးနဲ့ဆိုင်ဝန်ထမ်း ၁၀ ဦးခန့်လည်းရောဂါကူးစက်ခံခဲ့ရတာမှာ အားလုံးကတော့ ကျန်းမာရေးအခြေအနေ တွေကောင်းမွန်ကြတယ်လို့လည်းသိရပါတယ်။

အတည်ပြုလူနာလေးဦးရဲ့နောက်ဆုံးဈာပနခရီးကို ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအသင်းက ကောင်းမွန်စွာနဲ့ပို့ဆောင်ပေးခဲ့ပါတယ်။ (ဓာတ်ပုံ ပရဟိတမင်းခေါင်)

မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်ရဲ့နောက်ဆုံးခရီးကိုတော့ မန္တလေးမြို့ကပရဟိတအသင်းကြီးတစ်ခုဖြစ်တဲ့ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအသင်း က အေးရိပ်ငြိမ်သုဿန်ဆီကောင်းမွန်စွာနဲ့ပို့ဆောင်သဂြိုဟ်ပေးခဲ့တာကိုတွေ့ရပါတယ်။ မန္တလေးမြို့မှာ ဒီကနေ့ ကိုဗစ်အတည်ပြုလူနာ ၄ ဦးကွယ်လွန်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်အထိ ကိုဗစ်အတည်ပြုလူနာသေဆုံးမှု ၃၂ ဦး၊ အတည်ပြုလူနာ ၄,၉၅၀ ကျော်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က