ဆွမ်းရိက္ခာအခက်အခဲရှိနေတဲ့ သံဃာတော်တွေနဲ့ ဝေယျာဝစ္စလုပ်ကိုင်သူ (၁၇၀,၀၀၀) ကျော်အတွက် လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုဗစ်ကာလစတင်ကတည်းက တိုင်းစစ်ဌာနချုပ်အသီးသီးကို ညွှန်ကြားထားခဲ့တာဖြစ်ပြီး အောက်တိုဘာလ (၃၁)ရက်အထိ ဆွမ်းရိက္ခာ အခက်အခဲရှိနေတဲ့ ဘုန်းကြီး ၊ သီလရှင် နဲ့ ဝေယျာဝစ္စလုပ်ကိုင်သူဦးရေ တစ်သိန်းခုနှစ်သောင်းကျော်အတွက် သိန်း(၆,၀၀၀) ကျော်ဖိုး ဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

" ကိုဗစ်ကာလမှာတော့ ဘုန်းကြီးကျောင်းတွေ ၊ သီလရှင်ကျောင်းတွေ တစ်ချို့က အခက်အခဲမရှိဘူး ။ တစ်ချို့ကလည်း ဆွမ်းရိက္ခာတော်တော်အခက်အခဲရှိပါတယ်။ကိုဗစ်ကာလ သွားလာဆွမ်းခံလို့ အခက်အခဲရှိတယ် ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုဗစ်ကာလအစကတည်းက တိုင်းစစ်ဌာနချုပ်တွေကို ညွှန်ကြားထားပါတယ်။ကိုဗစ်ကာလအခက်အခဲရှိတဲ့ ဘုန်းကြီးကျောင်း၊သီလရှင်ကျောင်း၊ပရဟတိကျောင်းတွေကို အကူအညီပေးဖို့ ။ အောက်တိုဘာလ ၃၁ရက်အထိကတော့ ကျောင်းပေါင်း (၁၇၅၃) ကျောင်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။ သံဃာတော် (၁၅၇၁၉၀)ပါး ၊ သီလရှင် (၁၆၃၈၄)ပါး ၊ ဝေယျာဝစ္စဆောင်ရွက်တဲ့ အရပ်သား (၁၇၅၃) ဦး အတွက် လှူဒါန်းပြီး ဖြစ်ပါတယ်။ လှူဒါန်းခဲ့မှုစုစုပေါင်း ကျပ်သိန်း၆၀၀၀ကျော်ဖိုး လှူဒါန်းပြီး ဖြစ်ပါတယ် " လို့ တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့ ၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။



ဒါ့အပြင် တပ်မတော်အနေနဲ့ ကိုဗစ်၁၉ရာဂါ ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေသလို လက်ရှိအချိန်ထိ ကိုဗစ်၁၉ကုသရေးဆေးရုံ ဖောင်ကြီးမှာလည်း တပ်မတော်က ပါရဂူဆေးမှူးများ ၊ သူနာပြုများနဲ့ ကျွမ်းကျင်သူများပါဝင်တဲ့အဖွဲ့တွေက အလှည့်ကျ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ တပ်မတော်ဆေးရုံတွေက ကိုဗစ်၁၉စစ်ဆေးရေးစက်မှာ နိုဝင်ဘာလ ၂၃ရက်အထိ ကျား (၂၇၅,၃၀ )ဦး ၊ မ (၁၅၃,၃၇)ဦး စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာ (၂,၁၇၅)ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

" တပ်မတော်မှာဖွင့်လှစ်ထားရှိတဲ့ ကန့်သတ်စောင့်ကြည့် ကွာရန်တင်းစင်တာများမှာ နိုဝင်ဘာ ၂၃ရက်အထိ တက်ရောက်နေတဲ့ အရပ်သား ၁၁၂၈ဦးရှိပါတယ်။ယခင်ကတည်းကထားရှိခဲ့တဲ့ အင်အားကတော့ (၁၀၀,၁၀ )ဦး ရှိပါတယ်။ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက လွှဲပြောင်းပေးတဲ့ ကိုဗစ်၁၉ အတည်ပြုအရပ်သား လူနာများကိုလည်း ကုသပေးလျက်ရှိရာမှာ နိုဝင်ဘာလ ၂၃ရက်နေ့မှာ အရပ်သားပြည်သူ ၇၄၆ဦး ၊ သံဃာတော် ၇၆ပါး ၊ သီလရှင် ၁၂ပါး စုစုပေါင်း ၈၃၄ဦး တက်ရောက်ကုသနေပါတယ်။တပ်မတော်က ဖွင့်လှစ်ထားရှိတဲ့ အတည်ပြုလူနာထားရှိ ကုသရေးနေရာတွေမှာ တက်ရောက်ကုသမှုခံယူခဲ့သူ အရပ်သား ၄၃၃၃ဦး ၊ သံဃာတော် ၇၇၀ပါး ၊ သီလရှင် ၆၀ပါး ၊ စုစုပေါင်း ၅၁၆၃ဦး ဖြစ်ပါတယ်။ ကိုဗစ်၉ကုသရေး ဆေးရုံ ဖောင်ကြီးမှာ လည်း တပ်မတော်က ပါရဂူဆေးမှူးများ ၊ သူနာပြုများ ကျွမ်းကျင်သူများ ပါဝင်တဲ့အဖွဲ့များနဲ့ အလှည့်ကျ တာဝန်ထမ်းဆောင်စေလျက်ရှိပါတယ် " လို့ တပ်မတော်သတင်းမှန်ပြန်ကြာရေး အဖွဲ့ ၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ မီဒီယာများတွေ့ဆုံရှင်းလင်းခြင်းကိုတော့ ဒီနေ့ နိုဝင်ဘာလ (၂၇)ရက်မှာ နေပြည်တော်က စစ်သမိုင်းပြတိုက်မှာ ပြုလုပ်ခဲ့ပြီး ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးမှာ တပ်မတော်ဆောင်ရွက်ချက်များ ၊ တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ ၊ မူးယစ်ဆေးဖမ်းဆီးရရှိမှု ၊ တရားမဝင်သယံဇာတများ ဖမ်းဆီးရရှိမှု ၊ တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေးနဲ့ တာဝရငြိမ်းချမ်းရေးထုတ်ပြန်ချက်များနဲ့ ထုတ်ပြန်ချက်နောက်ပိုင်းပိုင်းအခြေအနေများ ၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ်များ အကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က