လူအရေအတွက်နဲ့ အချိန် ကန့်သတ်ချက်ရှိမယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကနေ သိရပါတယ်။

ကန့်သတ်မှုတွေဖြေလျှော့ချိန်မှာ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်ခွင့်ပြုရင်လည်း အရင်လို ဘုရားပေါ်မှာ တစ်နေကုန်နေခွင့်ရရှိမှာမဟုတ်ဘဲ လူအကန့်အသတ်နဲ့ ဖူးမြော်ခွင့်ပေးမှာဖြစ်လို့ နောက်လူတွေ ရင်ပြင်ပေါ်ကို တက်ရောက်နိုင်ဖို့အတွက် အချိန်အကန့်အသတ်နဲ့သာခွင့်ပြုမယ်လို့ ဂေါပကအဖွဲ့ထံက သိရပါတယ်။

ဒါ့အပြင် ဘုရားကို လာရောက်ဖူးမြော်သွားတဲ့လူတွေကိုလည်း မှတ်တမ်းသိမ်းဆည်းသွားမှာဖြစ်ပြီး ဒါဟာ အကြောင်းတစ်စုံတစ်ရာရှိလာခဲ့ရင် ဒီလူတွေကို ပြန်လည်ရှာဖွေ ဆက်သွယ်နိုင်အောင် လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က ပြောပါတယ်။



" ဒီတစ်ခေါက်ဘုရားဖွင့်ရင်တော့ အချိန်ကန့်သတ်ချက်ရှိမှာပေါ့ ။ မနက်ကတည်းကတက်သွားပြီး ညနေမှဆင်းလို့တော့မရဘူး။တခြားလူတွေကိုလည်း ဦးစားပေးရမှာလေ။ ဘုရားပေါ်မှာလည်း လူတွေသိပ်များနေလို့အဆင်မပြေနိုင်ဘူး။တစ်ယောက်နဲ့တစ်ယောက်တိုးကြိတ်မနေအောင် သတ်မှတ်ထားတဲ့အရေအတွက်အတိုင်း ရင်ပြင်ပေါ်တင်ပြီးရင် ဥပမာ မြောက်ဘက်မုခ်က ဆယ်ယောက်ဆင်းသွားရင် နောက်ထပ်ဆယ်ယောက်တက်ပေါ့ ။ ဘုရားပေါ်ကို ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လူတွေလာသွားတယ်ဆိုတာကိုလည်း မှတ်တမ်းရှိနေမှာ ဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာရှိရင် အဲဒီလူတွေကို ပြန်ရှာဖွေလို့ရအောင် အချက်အလက်သိမ်းဆည်းမှာပါ။အရင်လို တက်ချင်တိုင်းတက် ဆင်းချင်တိုင်းဆင်းလို့တော့ မရတော့ဘူး။ဒါက ကိုဗစ်ဖြစ်လာတဲ့အတွက်ကြောင့် ပြောင်းလဲသွားရတာဖြစ်ပါတယ်" လို့ ဦးသန်းဇော်က Duwun ကို ပြောပါတယ်။

ဒါ့အပြင် လာရောက်ဖူးမြော်ဖို့အတွက်ကိုလည်း ပုံစံနှစ်မျိုးပြင်ဆင်သွားမှာဖြစ်ပြီး ဘုရားပရဝုဏ်အတွင်း လုစုလူဝေးမဖြစ်ပေါ်စေဖို့ကိုလည်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က ပြောပါတယ်။

'' သူက online ကနေ ဖူးမယ့်နေ့ ဖူးမယ့်အချိန်ကို ကြိုပြီးလျှောက်ထားလို့ရတဲ့ application နဲ့ QR code ယူပြီး အဲဒီအတိုင်းလာဖူးလို့ရတာရှိမယ်။နောက်ပြီး ဘုရားဖွင့်ပြီဆိုပြီး ဒီတိုင်းလာကြသူတွေကို လူအရေအတွက် ကန့်သတ်ပြီး webcam နဲ့ မှတ်တမ်းတင် QR code ပေးပြီး ရင်ပြင်ပေါ်တက်ခွင့်ပေးမှာရှိမယ်။ဒါပေမယ့် ဒါတွေက သေသေချာချာ ပြန်ညှိနှိုင်းရဦးမယ် ။ အချိန်ဘယ်လောက်ဖူးခွင့်ရမယ် ။ တစ်ရက်ကို ဘယ်လောက်ခွင့်ပြုမယ်ဆိုတာ ။ အခုကတော့ ကိုဗစ်ကူးစက်မှုနှုန်းကလည်း ကျမသွားသေးတော့ ဝန်ကြီးဌာနက ခွင့်မပြုသေးတော့ ဒါတွေက အသေးစိတ်မညှိနှိုင်းရသေးပါဘူး။လုပ်ပြီးတာနဲ့တော့ ကြေညာမယ် ။ online ကနေ QR code ယူဖို့လည်း ဘယ်လိုဝင်ပြီး ဘယ်လိုလုပ်လို့ရမလဲဆိုတာ ကြေညာပေးမယ်။အဲဒီအချိန်ကျ လုတော့ လုပ်ကြရမှာပဲ။တက်ချင်တဲ့လူတွေက အခုအရမ်းများနေပြီ ။ တကယ်လို့ ဘုရားကို တန်းပြီးလာဖူးကြရင် webcam နဲ့ စစ်ပြီးခွင့်ပြုမယ့်ဟာက အောက်မှာ လူအများကြီးမစုအောင် ဘယ်လိုလုပ်မလဲကိုလည်း စဉ်းစားနေရတယ်။ရင်ပြင်ပေါ်မစုဘဲ အောက်မှာစုပြုံတိုးနေရင် ဘယ်လိုလုပ်မလဲ ။ အဲဒီလိုလည်း အဖြစ်မခံနိုင်ဘူး ။ ဒါတွေက ချိန်ဆပြီးလုပ်ရမှာတွေအများကြီးပါပဲ " လို့ ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က Duuwn ကို ပြောပါတယ်။

ရွှေတိဂုံစေတီတော်အပါအဝင် မြန်မာနိုင်ငံရဲ့ တန်ခိုးကြီးဘုရားစေတီအချို့မှာ ပြည်သူတွေ လာရောက်ဖူးမြော်ခွင့်ကို ကိုဗစ်-၁၉ရောဂါကူးစက်မှု ပထမလှိုင်းစတင်မြင့်တက်လာတဲ့ ဧပြီလကတည်းက တားမြစ်ခဲ့တာဖြစ်ပြီး ယခုချိန်ထိ ပြန်လည်ဖူးမျှော်ခွင့် မရရှိသေးတာ ဖြစ်ပါတယ်။ နိုဝင်ဘာလအကုန်မှာ Stay at Home ကြေညာထားခြင်းမရှိတဲ့မြို့နယ်တွေမှာ စားသောက်ဆိုင်တွေနဲ့ ဘုရားစေတီအချို့ပြန်ခွင့်ပြုနိုင်ဖို့လည်းအစိုရကထုတ်ပြန်ထားပြီး ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က