ရန်ကုန်တက္ကသိုလ်ရာပြည့်နဲ့ အတူ ပထမကျောင်းသားသပိတ် (အမျိုးသားနေ့) ကလည်း ရာပြည့်ရောက်ရှိတော့မှာပါ။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး သမဂ္ဂအဆောက်အဦးဟောင်းမြေနေရာမှာ "သမဂ္ဂရင်ပြင်နီ" ဆိုင်းဘုတ်နဲ့ကမ္ပည်းမှတ်တမ်းစိုက်ထူဖို့ စီစဉ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက်ရတာဟာ "သမဂ္ဂရင်ပြင်နီ"ကို အထိမ်းအမှတ်နေရာတစ်ခု ၊ သမိုင်းဝင်အထင်ကရနေရာတစ်ခုအဖြစ် လူတိုင်းသိနိုင်အောင် ရည်ရွယ်တာ ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

ဓာတ်ပုံ-ဝင်းလွင် (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် တက္ကသိုလ်ဝင်းအတွင်းမှာ မီးရောင်စုံတွေနဲ့ အလှဆင်ထားပါတယ်)

" ဟုတ်ပါတယ် ။ ဒီဇင်ဘာ၉ရက်မတိုင်မီတော့ စိုက်ထူဖို့ လုပ်နေပါတယ် ။ ကျောင်းတာဝန်ရှိသူတွေနဲ့ ခွင့်ပြုချက်ဆိုပြီး တောင်းတာတော့မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံကိုတော့ ကျွန်တော်တို့ ကမ္ပည်းမှတ်တမ်းစိုက်ထူပြီးမှပဲ ပြောဖို့ညှိနှိုင်းထားပါတယ် " လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက တာဝန်ရှိကျောင်းသားတစ်ဦးက Duwun ကို ပြောပါတယ်။

သမဂ္ဂရင်ပြင်နီက ကျောင်းသားလှုပ်ရှားမှုတွေ စတင်ခဲ့ရာ ၊ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဖက်ဆစ်စနစ်ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲများစတင်ရာ နေရာဖြစ်တဲ့အပြင် ဗိုလ်အောင်ကျော်ကျောက်တိုင်တည်ရှိရာနေရာလည်းဖြစ်ပေမယ့် ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်မှာ သမဂ္ဂရင်ပြင်နီရဲ့အခန်းကဏ္ဍဟာ မှေးမှိန်နေတယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဆိုပါတယ်။

ဓာတ်ပုံ-ဝင်းလွင် (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် တက္ကသိုလ်ဝင်းအတွင်းမှာ မီးရောင်စုံတွေနဲ့ အလှဆင်ထားပါတယ်)

ရန်ကုန်တက္ကသိုလ်က ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်တစ်ရာပြည့်တော့မှာဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့)မှာ အမျိုးသားနေ့ အထိမ်းအမှတ်ကလည်း နှစ်တစ်ရာပြည့်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က