Test kit နဲ့ စစ်ဆေးတဲ့အခါမှာ ရလဒ်က ၇၀ ရာခိုင်နှုန်း သာ မှန် ကန် မှု ရှိတာကြောင့် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခြင်းကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကိုဗစ်ပိုးရှိ မရှိ ပထမအကြိမ် RDT test kit နဲ့စစ်ဆေးပြီး Negative ထွက်ခဲ့သူတွေကို နောက်တစ်ကြိမ် ထပ်စစ်ဆေးဖို့ ဝန်ကြီးဌာနက Guideline ချ ညွှန်ကြားထားတယ်လို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးဌာနမှူး ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။

RDT နဲ့ ပထမဆုံး အကြိမ် စစ်ဆေးရာမှာ Negative အဖြေ ထွက်ပေမယ့် နောက်တကြိမ် ထပ်စစ်တဲ့အခါမှာ ပိုးတွေ့ရှိရတဲ့ ဖြစ်ရပ်တွေရှိနေခြင်း၊ရောဂါ လက္ခဏာ မပြသူကိုTest kit နဲ့ စစ်ဆေးတဲ့အခါမှာ ရလဒ်က ၇၀ ရာခိုင်နှုန်း သာ မှန် ကန် မှု ရှိတာကြောင့် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခြင်းကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။



"ရိုးရိုးလူကိုစစ်ရင် ၊ ရိုးရိုးဆိုတာ ရောဂါလက္ခဏာမပြတဲ့သူကိုစစ်ရင် ၇၀ ရာခု ိင်နှုန်းကျော်ပဲ ပြတယ်။တကယ်လို့ ရောဂါလက္ခဏာပြတဲ့ PUI ထားရတဲ့လူနာတွေကိုစစ်ရင်တော့ ၉၀ ရာခိုင်နှုန်းလောက် မှန်ပါတယ်။ဒါပေမယ့် အချိန်အတိုင်းအတာအရ RDT ကပိုပြီးမြန်ပါတယ်။ဒါကြောင့်မို့ စစချင်း ပိုးရှိလားမရှိလားကိုအမြန်ဆုံးဖြတ်တဲ့နည်းတွေနဲ့ ကျနော်တို့သုံးပါတယ်။ ပထမဆုံး RDT နဲ့စစ်မယ်၊ စစ်လို့ ပိုးမတွေ့တဲ့သူတွေမှာ ခုလိုမျိုးပိုးရှိတာတွေ ပြန်တွေ့တတ်လို့ နောက်တစ်ကြိမ်ပြန်စစ်တာပါ။ခုကတော့ ဂိုက်လိုင်းအသစ်ချပေးထားတယ် ဝန်ကြီးဌာနနဲ့ဦးစီးဌာနကပေါ့။"လို့ ဒေါက်တာရန်နိင်မောင်ကပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကျန်းမာ ရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်အတည်ပြုလူနာစာရင်းမှာ ပြည်ခရိုင်ပေါက်ခေါင်းမြို့နယ်ထဲက ကွာရန်တင်းထားရှိသူထဲမှာ RDT နဲ့ စစ်ဆေးပြီး Negative ထွက်ထားသူ ကို နောက်တစ်ကြိမ် ရန်ကုန် ကိုပေးပို့ စစ်ဆေးရာမှာ ၂ ဦး ပိုးတွေ့မှုရှိတဲ့အပေါ် ခုလိုသုံးသပ်ပြောဆိုတာဖြစ်ပါတယ်။

ပေါက်ခေါင်း မြို့နယ်၊စမ်းကုန်းကျေးရွာမှာ ကွာရန်တင်းထည့်ထား သူကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ test kit နဲ့ စစ်ဆေးခဲ့ရာ Negative ထွက်ခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့မှာ နောက်တကြိမ်စစ်ဆေးဖို့ Swab ယူပြီး ရန်ကုန်ကိုပို့ဆောင်ခဲ့ရာ အဖြေထွက်ချိန်မှာတော့ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ မြို့နယ် ကျန်းမာ ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းမှာ ကိုဗစ် အတည်ပြု လူနာ ၄၅၀၀ ကျော်ရှိထားတာကြောင့် ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံကို ဆောင်ရွက်နေကြောင်း၊ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသည့် သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က