စေတီတော်မှာ ဉာဏ်တော် ၁၈ ပေခွဲရှိပြီးစေတီတစ်ဆူလုံးကို မိုးကုတ်ကျောက်တွေ နဲ့တည်ထားကိုးကွယ်မှာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်လာမယ့် စူဠာမဏိပတ္တမြားစေတီကို ကရင်ပြည်နယ်၊ ဘားအံ့မြို့မှာ တည်ထားကိုးကွယ်ဖို့အတွက် ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကမ္ဘာလုံးကျောင်းတိုက် အနန္တမေတ္တာအခမဲ့ဆေးခန်းဦးဆောင်ဆရာတော် ဥုးဝါသေဌက မိန့်ပါတယ်။

စူဠာမဏိပတ္တမြားစေတီတော် တည်ထားမှုအတွက် ကုန်ကျငွေကိုအနည်းဆုံး သိန်းပေါင်း သုံးသောင်းကျော် ခန့်မှန်းထားပါတယ်။ စေတီတော်မှာ ဉာဏ်တော် ၁၈ ပေခွဲရှိပြီးစေတီတစ်ဆူလုံးကို မိုးကုတ်ကျောက်တွေ နဲ့တည်ထားကိုးကွယ်မှာဖြစ်တယ်လို့သိရပါတယ်။



" အကောင်အထည်စဖော်တာကတော့ပြီးခဲ့တဲ့ နှစ်ကုန်လောက်ထဲကပါ၊ ခုဆိုရင်တစ်ဆယ်မှာဆိုရင် နှစ်ရာခိုင်နှုန်းလောက်တော့ပြီးနေပြီသူက အသေးစိတ်လက်ဝင်တာကိုး ခုတော့တော်တော်များများ မတည်ထားတယ်။ ကျောက်တွေကတော့ စေတီတစ်ဆူစာ ပြည့်စုံသလောက်ဖြစ်နေပြီ။ ပတ္တမြားစေတီကတော့ကမ္ဘာမှာဒီတစ်ဆူပဲရှိမယ်မန္တလေးမှာတော့ကျောက်စိမ်းစေတီရှိတယ်။ ကျောက်တွေကို နားကပ်ပုံစံမျိူးလုပ်ပြီးတော့ စေတီမှာစွန့်မယ် ဦးဇင်းတို့ရွှေတိဂုံဘုရားမှာရွှေဆိုင်းကပ်သလို အဲ့လိုမျိူး နားကပ်တို့ လက်ကောက်တို့ လက်စွပ်တို့လုပ်ပြီးတော့မှစေတီမှကပ်မှာပါ"လို့ ဆရာတော် ဥုးဝါသေဌက ကမိန့်ပါတယ်။

စူဠာမဏိ ပတ္တမြားစေတီတော်ကို ကရင်ပြည်နယ်၊ဘားအံမြို့ က ရတနာဒီပ အမှတ် ၉ ရပ်ကွက်၊ ရှင်ဖြူရှင်လမ်း ထဲက ကမ္ဘာလုံးကျာင်းတိုက်ဝန်းထဲမှာ တည်ထားကိုးကွယ်မှာဖြစ်ကြောင်းနဲ့၊ အားလုံးပါဝင်လှူဒါန်းနိုင်တယ်လို့ ဆရာတော်က မိန့်ထားပါတယ်။

စူဠာမဏိ ဘုရားဝန်းထဲမှာ အနားယူနိုင်မယ့် ပန်းခြံအခင်းအကျင်း၊ ဘုရားဖူးဧည့်နားနေဆောင်တွေလည်း ပြုလုပ်ထားမှာဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသည့် သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က