အပူချိန်တိုင်းတာတွေ၊ mask ဝေတာတွေလုပ်ဆောင်ပေးနေပါတယ်။

ရန်ကုန်တက္က္ကသိုလ် နှစ်နစ်ရာပြည့်အထိမ်းအမှတ်အနေနဲ့ တက္ကသိုလ်ဝန်းအတွင်းမှာ မီးရောင်စုံတွေနဲ့ အလှဆင်ထားကြတာ တွေ့ရပြီး လာရောက်လည်ပတ်သူများနဲ့ စည်းကားလျှက်ရှိနေပါတယ်။

လာရောက်လည်ပတ်တဲ့ သူတွေကိုတော့ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ လည်ပတ်ခွင့်ပြုထားပြီး စည်းကမ်းလိုက်နာမှုရှိအောင် ကျောင်းအတွင်း Ambulance ယာဉ်တွေနဲ့ လှည့်လည်ကာ အသိပေးလုပ်ဆောင်နေတာတွေလည်းရှိပါတယ်။ ကိုယ်ပူချိန်တိုင်းတာတွေ၊ mask တပ်တာတွေကို မဖြစ်မနေလုပ်ဆောင်စေပြီး maskတွေကိုလည်း အခမဲ့ဝေငှပေးနေတာပါ။



“ကျောင်းထဲမှာ ဘာပွဲတော်မှမရှိပါဘူး။အလှမီးဆင်ထားတာကိုပဲ လာရောက်လှည့်ပတ်ပြီး ဓာတ်ပုံတွေဘာတွေရိုက်နေကြတာ။ ကျွန်တော်တို့ကတော့ ကျောင်းဝန်းထဲမဝင်ရဘူးဆိုပြီးလည်းတားမရဘူးလေ။အဲဒီတော့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ လည်ပတ်ခွင့်ပေးထားတယ်။ ကျောင်းဝန်းအတွက်း အသံချဲ့စက်တွေနဲ့လိုက်လံသတိပေးနေတာတွေလည်းရှိပါတယ်”လို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းထိုက်က Duwun ကိုပြောပါတယ်။

ရန်ကုန်တက္ကသိုလ်တည်ထောင်ခြင်း နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ပွဲတော်များ ကျင်းပဖို့ ပြင်ဆင်ထားပေမယ့်လည်း ကိုဗစ်-၁၉ အခြေအနေတွေကြောင့် အစီအစဉ်တစ်ချို့ပြောင်းလဲခဲ့ရပါတယ်။ ကိုဗစ်ကြောင့်ပွဲတော်တွေမကျင်းပဖြစ်ပေမယ့် ကျောင်းပရဝဏ်အတွင်း ရောင်စုံမီးများနဲ့ အလှဆင်ထားရာမှာ အမှတ်တရဓာတ်ပုံလာရိုက်သူတွေနဲ့ တစ်နေ့ကို လူရာကျော် လာရောက်လည်ပတ်လျှက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရာပြည့်အထိမ်းအမှတ်အဖြစ် ဂီတ ဖျော်ဖြေပွဲတွေကို မြန်မာရုပ်မြင်သံကြားကနေထုတ်လွှင့်ပေးနေသလို စာပေဆောင်းပါးတွေကိုလည်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပေးနေတာလည်းဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁)ရက်နေ့မှာကျရောက်မယ့် နှစ်တစ်ရပြည့်နေ့မှာလည်း ရုပ်မြင်သံကြားကနေသာ အထိမ်းအမှတ်အခမ်းအနားမျိုးလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။



က္က