ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ကိုအမှုဖွင့် အရေးယူထားဟုဆို

မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်းထောက်ခံစာကို အတုပြုလုပ်ပြီး ကိုင်ဆောင်ထားတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ကိုအမှုဖွင့် အရေးယူထားတယ်လို့မကွေးတိုင်း၊ မင်းလှမြို့မရဲစခန်းကနေ သိရပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ (၂၇) ရက်နေ့ ၊ညနေ ၅ နာရီလောက်မှာ မင်းလှမြို့နယ်၊ ဧရာဝတီတံတား(မလွန်)ရှိ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီ ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ ကား အဝင်၊အထွက် စစ်ဆေးဆောင်ရွက်နေစဉ် မင်းလှမြို့နယ်ဘက်ကနေ ပဌနဂိုရ် ကျေးရွာဘက်ကို မောင်းနှင်လာတဲ့ ဆီဘောက်ဆာ(၈)ဘီး ယာဉ်ဟာ ကိုဗစ်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်အတုကိုင်ဆောင်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။



"ကားကို စစ်ဆေးတဲ့အခါ ၂၇-၁၁-၂၀၂၀ ရက်စွဲပါ Covid-19 (RDT)Negative အတည်ပြုကဒ်အမှတ်စဉ် RDT MGY-ML-2020/00769 ဖြစ်ပြီး သွားမယ့်နေရာက စစ်တွေမြို့လို့ပါရှိပါတယ်။ အဲ့ဒီမှာကဒ်က မိတ္တူကဒ်နဲ့ ဆိုတော့ မသင်္ကာလို့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနကို သတင်းပေးပို့ စစ်ဆေးခဲ့ရာကနေ အတုမှန်းသိခဲ့တာပါ" မင်းလှမြို့နယ်ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

အဆိုပါ Negative အတည်ပြုကဒ်အမှတ်စဉ် RDT MGY-ML-2020/00769 ကိုစစ်ဆေးတဲ့အခါ အမှန်တကယ် ကျန်းမာရေးစစ်ဆေးသူက အခြားတစ်ဦးဖြစ်နေပြီး သွားရောက်မယ့်နေရာက တံတားဦး မြို့ဖြစ်နေတာကို တွေ့ရှိစစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် RDT-Negative အတည်ပြုကဒ် မိတ္တူ အတုပြုလုပ်ကိုင်ဆောင်သူကို  မင်းလှမြို့ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁) ဦးမျိုးဇော်က မင်းလှမြို့မရဲစခန်းကို တရားလိုပြုလုပ်ပြီး တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်ကိုမင်းလှမြို့မရဲစခန်း (ပ)၂၉၇/၂၀၂၀ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က