နှစ်တစ်ရာပြည့်အတွက် သဝဏ်လွှာပေးပို့စဉ် ပြောကြားခဲ့တာပါ။

ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာအဆင့်မီတက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်းလာစေဖို့နဲ့ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်တဲ့ တက္ကသိုလ်ဖြစ်စေရေးတို့ကို အားလုံးအတူတကွ အကောင်အထည်ဖော်ဆောင်ရွက်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

(၂၀၂၀) ပြည့်နှစ် ဒီဇင်ဘာ (၁) ရက်နေ့မှာကျရောက်တဲ့ ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့်အခမ်းအနားအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားတာပါ။ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာအမျိုးသားရေးကြိုးပမ်းမှု သမိုင်းမှာ တစ်ထောင့်တစ်နေရာကပါဝင်ခဲ့ပြီး နိုင်ငံရဲ့ ပညာရေးသမိုင်းကြောင်းနဲ့ နိုင်ငံရေးသမိုင်းကြောင်းတို့မှာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင် အစဉ်အလာကြီးမားတဲ့ တက္ကသိုလ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။



မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်ပေးနိုင်မယ့် ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်တွေ၊တိုင်းကျိုးပြည်ပြုခေါင်းဆောင်တွေ ဖြစ်တဲ့ ဝန်ကြီးချုပ်ဦးနု၊ အာဇာနည်ခေါင်းဆောင် ဦးရာဇတ်၊ နန်းရင်းဝန် ဒေါက်တာဘမော်စတဲ့ပုဂ္ဂိုလ်တွေ၊ နိုင်ငံဂုဏ်ဆောင် အမျိုးသားစာဆိုကြီးတွေ၊ ပညာရှင်တွေဖြစ်တဲ့ စာရေးဆရာကြီး ဇော်ဂျီ၊မင်းသုဝဏ်၊ ပညာမင်းကြီး ဦးကောင်း၊ သမိုင်းပညာရှင် ဦးသန်းထွန်း၊မြန်မာစာပညာရှင် ဒေါက်တာလှဘေ၊ ဥပဒေပညာရှင် ဒေါက်တာဘဟန်စတဲ့ တိုင်းကျိုးပြည်ပြု ခေါင်းဆောင်တွေနဲ့ ပညာတတ်လူငယ်များစွာ မွေးထုတ်ပေးခဲ့တဲ့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်လို ကမ္ဘာ့လူသားအကျိုးပြုခေါင်းဆောင်တေကို မွေးထုတ်ပေးခဲ့တဲ့ အောင်မြေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေးရပြီးစကာလတွေမှာ အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့ပြီး အာရှအဆင့်မှာလည်း ထိပ်တန်းက ရပ်တည်နိုင်ခဲ့တယ်လု့ိ သိရပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာ့ပညာရေးကြိုးပမ်းမှု သမိုင်းကြောင်း၊ လွတ်လပ်ရေးသမိုင်းကြောင်းတို့နဲ့ ယှဉ်တွဲ ဖြစ်ပေါ်နေပြီး နှစ်ပေါင်းတစ်ရာသာမက နောင်နှစ် ရာပေါင်း၊ထောင်ပေါင်းများစွာ အဓွန့်ရှည့်တည်တံ့စေဖို့ကိုလည်းဆန္ဒပြုကြောင်း ဗိုလ်ချုပ်မှူးကြီးရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ယနေ့ခေတ်မှာ ကမ္ဘာနဲ့ ရင်ပေါင်တန်းဖို့ ပညာတတ်များစွာလိုအပ်ပြီး နိုင်ငံတော်အနေနဲ့ ပြင်ဆင်ခဲ့တဲ့ အမျိုးသားပညာရေးဥပဒေအရလည်း မြန်မာ့ပညာရေးစနစ်က နိုင်ငံတော်က ဖော်ဆောင်တဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးစနစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖော်ဆောင်နိုင်မယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က