Young Clothing အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကတည်းက စက်ရုံကိုအပြီးပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်ထဲက Young Clothing အထည်ချုပ်စက်ရုံက စက်ရုံပိတ်သိမ်းလိုက်တာ ၃ လကျော်ကြာလာပေမယ့် အလုပ်သမားတွေ  နစ်နာကြေးမပေးသေးတာကြောင့်  အလုပ်သမားတွေက ဆန္ဒပြကာ တောင်းဆိုခဲ့ကြပါတယ်။



ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ ရန်ကင်းမြို့နယ် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ရုံးရှေ့မှာ အလုပ်သမားတွေနစ်နာကြေးမရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်ကို ဥပဒေအရအရေးယူဆောင်ရွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

"စက်ရုံပိတ်တာက ရှစ်လပိုင်းကတည်း က အခုချိန်ထိ နစ်နာကြေးမရသေးဘူး။ ဒါကြောင့် အလုပ်ရှင်ကိုအရေးယူပေးဖို့ ဒါမှမဟုတ် ရင်းနှီးမြှပ်နှံကော်မရှင်က ကူညီဖြေရှင်းပေးဖို့ ဆန္ဒပြတာပါ"ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကိုကျော်ကျော်က ပြောပါတယ်။

Young Clothing အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကတည်းက စက်ရုံကိုအပြီးပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ စက်ရုံပိတ်စဉ်က အလုပ်သမားတွေကို ခြေခံလစာ ၁၄၄,၀၀၀ ကျပ်သာပေးပြီး တခြားနစ်နာကြေးပေးခြင်းမရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် နစ်နာကြေးရဖိူ့အတွက် ဆန္ဒဖော်ထုတ်ပွဲကိုလုပ်ခဲ့တာဖြစ်ပြီး ဆန္ဒပြပွဲမှာ အလုပ်သမားရုံးက ကူညီဖြေရှင်းပေးရန်နှင့်အလုပ်ရှင်အား ဥပဒေအရအရေးယူဆောင်ရွက်ပေးဖို့ ကြွေးကြော်ခဲ့ကြပါတယ်။

Young Clothing အထည်ချုပ်စက်ရုံက အလုပ်ရှင် အလုပ်သမားအကြား အငြင်းပွားဖွယ်ရာ ပြသာနာအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး လုပ်ငန်းရပ်ဆိုင်းခဲ့ရတဲ့ စက်ရုံလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က