ဒီကနေ့ ဒီဇင်ဘာလ (၁)ရက်နေ့မှာ ထွက်ရှိတဲ့ အောက်ဘာလေထီဆုရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို ပဲခူးမြို့နေ မိသားစုတစ်စုကကံထူးခဲ့ပါတယ်။

၂၂ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကို ဂ- ၄၇၇၄၀၆ နံပတ်နဲ့ ကံထူးခဲ့တာဖြစ်ပြီး ကံထူးရှင်အမျိုးသမီးက ဘာသာရေး အလွန်လိုက်စားသူဖြစ်ကာ လွန်ခဲ့တဲ့ (၆)လလောက်ကတည်းက အဓိဌာန်ဝင်ကာ ထီထိုးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။



“ ပေါက်တာက ကျွန်တော့်အမျိုးသမီးပါ။ မင်္ဂလာစုံတွဲကနေပေါက်တာ။ သူကဘုရားတရားအရမ်းလုပ်တယ်တယ်။ကံကောင်းတာပေါ့။ ကျွန်တော်ဆို လတိုင်း ထီ (၄)-(၅)သိန်းဖိုးထိုးတယ်။ ဆုကြီးဆိုတာမပေါက်ဖူးဘူး။ အမျိုးသမီးကလွန်ခဲ့တဲ့ (၆)လလောက်ကတည်းက အဓိဌာန်ဝင်လာတာ။ အခုလည်းတရားထိုင်နေတယ်။ သူလုပ်တဲ့ကုသိုလ်တွေက သူ့ကိုအကျိုးပေးတယ်ပြောရမလားမသိဘူး”လို့ ကံထူးရှင်ရဲ့ အမျိုးသားဖြစ်သူ ဦးစိုးဦးက Duwun ကို ပြောပါတယ်။

ကံထူးရှင် မိသားစုက မိသားစု(၆)ဦးရှိကာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးစိုးဦးက လစဉ် ထီကို (၄)-(၅)သိန်းဖိုးထိုးလေ့ရှိသူပါ။ 

လစဉ် (၅)သောင်းစုတွေပေါက်လေ့ရှိပြီး ဒီလမှာ အမျိုးသမီးဖြစ်သူက ကျပ်သိန်းတစ်သောင်းခွဲကို ကံထူးခဲ့တာဖြစ်ပြီး အမျိုးသားကလည်း (၅)သောင်းစု (၄)စုကံထူးခဲ့တယ်လို့ သိရပါတယ်။

ကံထူးတဲ့ထီဆုငွေတွေကိုတော့ အမျိုးသမီးရဲ့ ဆန္ဒအတိုင်း လုပ်ပေးသွားမှာပါလို့ ဦးစိုးဦးကပြောပါတယ်။

အောင်ဘာလေထီကို ၂၀၁၉ ခုနှစ် ဖေဖော်််ဝါရီလကစတင်ပြီး အမြင့်ဆုံးဆုငွေ သိန်းတစ်သောင်းခွဲ အထိ တိုးမြှင့်ပေးခဲ့တာဖြစ်ပြီး အခုဆိုရင် ၂၂ ကြိမ်မြောက်ရှိနေပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က