အဖေဖြစ်သူနဲ့ အစ်ကိုဖြစ်သူသေဆုံးခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ် (၄)ရပ်ကွက်မှာ မိသားစုအတွင်းစကားများရာကနေ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ 

photo- လောကသင်္ဂဟပရဟိတအသင်း

ဒီဇင်ဘာ (၁)ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး မိသားစုအိမ်တွင်းရေးစကားများရာကနေ ဓားထိုးမှုဖြစ်ပွါးခဲ့ရာမှာ အစ်ကိုဖြစ်သူနဲ့ ဖခင်ဖြစ်သူ နှစ်ဦးသေဆုံးခဲ့တာပါ။



“ မိသားစုကိစ္စစကားများကြတာပါ။ အခုတော့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးရဲစစ်ဆေးချက်တွေတော့လုပ်နေတယ်။ ကနဦးသိရသလောက်ကတော့ အစ်ကိုဖြစ်သူက ဖခင်ကို ဓားနဲ့ထိုးလို့ ညီဖြစ်သူက အစ်ကိုကို ပြန်သတ်တယ်လို့တော့သိရပါတယ်ဗျ။ အားလုံးစစ်ဆေးမှုတွေပြီးမှ ဖြစ်စဉ်အတိအကျကိုသိရမှာပါ”လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။

အစ်ကိုဖြစ်သူမှာ ဝမ်းဗိုက်မှာဓားထိုးဒဏ်ရာတွေနဲ့ ညတွင်းချင်း သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူ ဖခင်က အသက် (၆၅)နှစ်အရွယ်ဖြစ်ပြီး အစ်ကိုဖြစ်သူက အသက် (၄၂)နှစ်အရွယ်ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ အသက်ရှင်ကျန်ရစ်ပြီး အစ်ကိုကို ဓားနဲ့ထိုးသတ်တဲ့ ညီဖြစ်သူကိုတော့ ကမာရွတ်မြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ (၃၀၂)နဲ့ အမှုဖွင့်ကာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က