(၂) ဦးသေဆုံးခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၅၀၀) ကျော်အထိရှိလာပြီး အများဆုံးက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ကြတယ်လို့ ရန်ကုန်တိုင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။



ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၅၀၀) ကျော်ထဲမှာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဝန်ထမ်းက (၈၀) ကျော်လောက်ရှိပြီး ကုသရေးအတွက် ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း (၄၀၀) ကျော်လောက် ကူးစက်ခံထားရတယ်လို့လည်း ဆိုပါတယ်။

" ရန်ကုန်တိုင်းထဲမှာ (၅၀၀) ကျော်လာပြီ။ အများဆုံးကတော့ ဆေးရုံတွေကပါ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကတော့ အများဆုံးကူးစက်ခံရတာပေါ့”လို့ ဒေါက်တာထွန်းမြင့်က Duwun ကို ပြောပါတယ်။

ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၅၀၀) ကျော်အနက် (၂) ဦးသေဆုံးခဲ့ပြီး တာမွေမြို့နယ်က ကျန်းမာရေးမှူးဝန်ထမ်းတစ်ဦးနဲ့ တိုက်ကြီးမြို့နယ်က ကျန်းမာရေးကြီးကြပ် (၂) ဆရာ တစ်ဦးတို့ ဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းနှစ်ဦးစလုံးမှာ ရောဂါအခံတွေ ရှိကြပြီး တာမွေမြို့နယ်က ကျန်းမာရေးဝန်ထမ်းမှာ အသက် (၅၅) နှစ်အရွယ်နဲ့ အသည်းရောင်အသားဝါ (ဘီ) ‌ရောဂါအခံနဲ့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ကြီးမြို့နယ်က ကျန်းမာရေးကြီးကြပ်အဆင့် (၂) ဝန်ထမ်းကတော့ အသက် (၄၀) ကျော်အရွယ်ရှိပြီး ကျောက်ကပ်ရောဂါအခံရှိသူဖြစ်တယ်လို့လည်း သိရပါတယ်။

 “ ဒီလောက်ပင်ပန်းနေတဲ့ကျန်းမာရေးဝန်ထမ်းတွေကို စာနာမယ်ဆိုရင် ကိုဗစ်စည်းကမ်းတွေကို လိုက်နာပေးခြင်းက အကောင်းဆုံးစာနာမှုတစ်ရပ်ပါပဲ” လို့လည်း ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။ 

တစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်မှု (၇၂) ရာခိုင်နှုန်းရှိနေတဲ့ ရန်ကုန်တိုင်းအတွင်းမှာ ကျန်းမာရေးဝန်ထမ်းအင်အားမလုံလောက်မှုတွေ ဖြစ်နေတာကြောင့် အဖြစ်နည်းတဲ့ တိုင်းနဲ့ပြည်နယ်တွေက ကျန်းမာရေးဝန်ထမ်းတွေပါ လာရောက်ပြီး အလှည့်ကျစနစ်နဲ့ တာဝန်ထမ်းဆောင်နေတယ်လို့လည်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က