ရန်ကုန်တိုင်းက အများဆုံးဖြစ်ပါတယ်။

အစိုးရ ထောက်ပံ့ငွေလေးသောင်းနဲ့ ပတ်သက်ပြီး တိုင်ကြားစာပေါင်း တစ်သိန်းနီးပါးရရှိထားပြီး ရပ်/ ကျေးအဆင့် ဌာနဆိုင်ရာတွေ၊ ရပ်မိရပ်ဖတွေ နဲ့ ပူးပေါင်းပြန်လည်စိစစ် ဆောင်ရွက်နေပြီလို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက သိရပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကိုငွေကြေးထောက်ပံ့ခဲ့တဲ့ကိစ္စမှာ အချို့ တိုင်းနဲ့ ပြည်နယ်တွေမှာ ပြည်သူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးတွေအကြား သတင်းပြည့်ပြည့်စုံစုံမရတာ၊ အခြားအကြောင်းတွေကြောင့် နားလည်မှုလွဲပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံဝန်ကြီး ဦးမင်းသူက ဆိုပါတယ်။

ဒီလိုဖြစ်ပေါ်ခဲ့တာတွေကြောင့် မြို့နယ်အဆင့်တိုင်ကြားစာဖြေရှင်းရေးဌာနများကို ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာ (၁)ရက်နေ့အထိ တိုင်ကြားစာပေါင်း (၉၈၄၆၇) စောင် ရရှိခဲ့ပြီး ပြန်လည်စိစစ်နေကာ မကြာခင်မှာ စိစစ်တွေ့ရှိမှုအခြေအနေတွေကို တင်ပြသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ပြောထားပါတယ်။



“ မကြာခင်အချိန်အတွင်းမှာပဲ ဒီစိစစ်တွေ့ရှိမှုအခြေအနေများကို ပြန်လည်တင်ပြသွားမှာ ဖြစ်ပါတယ်။အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးနဲ့စပ်လျဉ်းပြီး အကြံပြုချက်များကို အမြဲကြိုဆိုပါတယ်။” လို့ဝန်ကြီးဦးမင်းသူက ဆိုပါတယ်။

ဒါ့အပြင် ဝန်ကြီးအနေနဲ့ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနဲ့စပ်လျဉ်းပြီး အများပြည်သူ အကြံပြုချက်တွေကိုအခြေခံဖို့ ပြောထားရာမှာ ပြည်သူတွေဆီက အကြံပြုချက်တွေ လက်ခံရရှိတယ်လို့လည်းဆိုပါတယ်။

ပြည်သူတွေရဲ့ အကြံပြုချက်အများစုကတော့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားခြင်းနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ၊ ရပ်/ကျေးနည်းဥပဒေ ပြင်ဆင်ပြဌာန်းရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ၊ ထွေ/အုပ် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာမှာ အမှန်တကယ်ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ကိစ္စရပ်တွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအတွက် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ရေးဆိုင်ရာကိစ္စရပ်တွေ ဖြစ်တယ်လို့သိရပါတယ်။ 

ဒီလိုအကြံပြုချက်တွေကို လက်ရှိထုတ်ပြန်ထားတဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့လိုက်လျောညီထွေခြင်း ရှိ/မရှိ ကို လေ့လာဆန်းစစ်သွားမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူကဆိုပါတယ်။ ဒါ့အပြင်ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာဖို့၊ ပြည်သူကိုဗဟိုပြုတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပေါ်လာစေဖို့အတွက် အဓိကထားပြီး ပြုပြင်ပြောင်းလဲရေးကိုစနစ်တကျ ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က