တားမြစ်ထားသောနေရာကို ကျူးကျော်ဝင်ရောက်မှု ပုဒ်မ (၂၉)နဲ့ အမှုဖွင့်ထားတာပါ။


ကျောက်မဲမြို့ အထက(၃)ကျောင်းမှာ Facility Quarantine ဝင်ရောက်နေသူတစ်ဦးကို အုတ်တံတိုင်းကျော်ပြီး သွားရောက်ခိုးတွေ့ခဲ့တဲ့ အမျိုးသမီးကို ကျောက်မဲမြို့နယ် ကိုဗစ်ကော်မတီက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ 

တာချီလိတ်ကနေပြန်လာလို့ ကွာရန်တင်းဝင်ရောက်နေရတဲ့ အမျိုးသားတစ်ဦးထံ သူရဲ့ ရည်းစားဖြစ်သူက ကွာရန်တင်းစင်တာရဲ့ အုတ်တံတိုင်းကိုကျော်ပြီး ဝင်ရောက်ခိုးတွေ့ခဲ့တာလည်းဖြစ်ပါတယ်။ 

“ ဟုတ်ပါတယ်။ အဲဒီမိန်းကလေးကိုလည်း အခုအသွားအလာကန့်သတ်ထားတယ်။ သူက အုတ်တံတိုင်းကိုကျော်ပြီး ဝင်တာ။ တစ်ခါတည်းမဟုတ်ဘူး။ ကွာရန်တင်းဝင်နေတဲ့ကောင်လေးကို ခေါ်ပြီးတောင် အပြင်ကိုခေါ်သွားတာ။ (၁)ရက်နေ့ညက တာဝန်ရှိသူတွေက လုံခြုံရေးနဲ့စောင့်ပြီးကြည့်တော့မှ အခုလိုလုပ်တယ်ဆိုတာသိရတာ” လို့ ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်သိန်းက Duwun ကိုပြောပါတယ်။ 

ဝင်ရောက်ခိုးတွေ့ခဲ့တဲ့ အမျိုးသမီးက ကျောက်မဲမြို့ (၁)ရပ်ကွက်မှာ နေထိုင်တဲ့သူဖြစ်ပါတယ်။ 

အမျိုးသမီးကို တားမြစ်ထားသောနေရာကို ကျူးကျော်ဝင်ရောက်မှု ပုဒ်မ (၂၉)နဲ့ အမှုဖွင့်ထားပြီး လတ်တလောမှာတော့ အဆိုပါအမျိုးသမီးကိုပါ ကွာရန်တင်းထားရှိထားတယ်လို့ သိရပါတယ်။ 

အမျိုးသားကို အထက(၃)က ကွာရန်တင်းစင်တာမှာပဲ ဆက်လက်ထားရှိထားကာ အမျိုးသမီးကိုတော့ အလက(၃) စာသင်ကျောင်းမှာ အသွားအလာကန့်သတ်ထားပါတယ်။



က္က