Live Round ယှဉ်ပြိုင်မှုပွဲစဉ်ကို MRTV-4 နှင့် MRTV-4 HD တို့တွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပြီး ဝါသနာရှင်ပြိုင်ပွဲဝင် ၁၆ ဦးအနေနဲ့ The Voice Myanmar Season 3 မှာ အနိုင်ရရှိသူ ဖြစ်လာစေဖို့ အကြိတ်အနယ် သီဆို ယှဉ်ပြိုင် ကြရမှာဖြစ်တယ်လို့ သိရပါတယ်။
Saint Sandy Htet

မြန်မာနိုင်ငံ၏ ပထမဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ MPT  ဟာ “The Voice Myanmar Season 3” ရဲ့ Official Telecom Partner အနေဖြင့် ကူညီပံ့ပိုးလျက်ရှိပါတယ်။ လူကြည့်အများဆုံးနှင့် ထင်ရှားကျော်ကြားဆုံး သီချင်းဆိုပြိုင်ပွဲမှာ Official Telecom Partner အနေနဲ့ လူငယ်အဆိုပါရမီရှင်များကို ရှာဖွေဖော်ထုတ်ပေးပြီး အနာဂတ်တွင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင် ကြယ်ပွင့်များအဖြစ် အောင်မြင်လာစေဖို့ ပံ့ပိုးပေးရာမှာ MPT က အခွင့်အလမ်းကောင်း တစ်ရပ်အဖြစ် ကူညီ ဖန်တီးပေးရန်ရည်ရွယ်တယ်လို့ သိရပါတယ်။

 အခုဆိုရင် The Voice Myanmar Season 3 ၏ ရင်ခုန်စိတ်လှုပ်ရှားစရာ Live Round ယှဉ်ပြိုင်မှုပွဲစဉ်ကို ရောက်ရှိလာပြီဖြစ်ပြီး ပရိသတ်များအနေနဲ့ မိမိတို့ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကို အားပေးနိုင်စေရန် မဲပေးနိုင်မယ့် နည်းလမ်းတွေကို MPT က မိတ်ဆက် လိုက်ပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကပင် ပထမဆုံး အဖြစ် စတင်ခဲ့တဲ့ The Voice Myanmar အစီအစဉ်တွင် အရည်အချင်းရှိတဲ့ ယှဥ်ပြိုင်သူတွေအတွက် အခွင့်အလမ်းတွေ အဆင်ပြေပြေ ရရှိစေရမယ်ဆိုတဲ့ ခံယူချက်ကို သက်သေထူသည့်အနေနဲ့ ယခုလို ပါဝင်ရတာဖြစ်ကြောင်းလည်းသိရပါတယ်။ MPT က ယခုလို ခက်ခဲသော အချိန်များအတွင်း ကောင်းမွန်သော ဖျော်ဖြေမှုတွေနဲ့အတူ မြန်မာပြည်သူတို့ရဲ့ စိတ်ခွန်အား မြှင့်တင်မှုမှာ တစ်ဖက်တစ်လမ်းက ကူညီသွားမှာလည်း ဖြစ်ပါတယ်။

 

Live Round ယှဉ်ပြိုင်မှုပွဲစဉ်ကို MRTV-4 နှင့် MRTV-4 HD တို့တွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပြီး ဝါသနာရှင်ပြိုင်ပွဲဝင် ၁၆ ဦးအနေနဲ့ The Voice Myanmar Season 3 မှာ အနိုင်ရရှိသူ ဖြစ်လာစေဖို့ အကြိတ်အနယ် သီဆို ယှဉ်ပြိုင် ကြရမှာဖြစ်တယ်လို့ သိရပါတယ်။ The Voice Myanmar Season 3 တွင် အနိုင်ရရှိသူဟာ ဆုကြေးငွေ ကျပ် သိန်း ၂၀၀ ၊ FG Entertainment နဲ့အတူ လက်တွဲပြီး Solo album ထုတ်ခွင့်ရမှာ ဖြစ်တဲ့ အပြင် အသစ်စက်စက် MG ( Morris Garages ) ကားကြီးကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ခွင့်ရှိမှာလည်း ဖြစ်ပါတယ်။

 

 MPT-KGSM Joint Operations မှ စီးပွားရေးဌာနကြီးရဲ့ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima က “MPT သုံးစွဲသူတွေအနေနဲ့ “The Voice Myanmar Season 3” ကို ကြည့်ရှုအားပေးကြတဲ့အခါမှာ မိမိနှစ်သက် သဘောကျတဲ့ ပြိုင်ပွဲဝင်အတွက် အဆင်ပြေလွယ်ကူစွာနဲ့ စိတ်ကြိုက်မဲပေးနိုင်မယ့် မဲပေးစနစ်အသစ်ကို MPT က အခုလို မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအဖြစ် ဒီပြိုင်ပွဲကို ပံ့ပိုးကူညီပေးခြင်းကတစ်ဆင့် မြန်မာနိုင်ငံက လူငယ်ပါရမီရှင်တွေကို သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို အမှန်တကယ်ပုံဖော်အသက်သွင်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ တစ်ဖက်တစ်လမ်း ကနေ ကူညီပံ့ပိုးပေးချင် ပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ ကြည့်ရှုသူအများဆုံး၊ လူကြိုက်အများဆုံး နဲ့ ရေပန်းအစားဆုံး သီချင်းဆိုပြိုင်ပွဲကြီး ဖြစ်တဲ့ “The Voice Myanmar Season 3” နဲ့ မိတ်ဖက်ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့တဲ့ အပေါ် မှာလည်း တကယ်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

 

ပရိတ်သတ်တွေအနေနဲ့ MPT ဆင်းမ်ကတ်ကို အသုံးပြုပြီး မိမိနှစ်သက်သည့် ပြိုင်ပွဲဝင်များကို အဆင်ပြေချောမွေ့စွာ ရွေးချယ်မဲပေးနိုင်မည် ဖြစ်သည်။ ပြိုင်ပွဲဝင် တစ်ဦးချင်းစီအား ကုတ်နံပါတ် “55501” မှ “55516” အထိ သီးသန့်နံပါတ်တစ်ခုစီ သတ်မှတ်ပေးထားပြီး ပရိသတ်တွေက မိမိကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်အတွက် သတ်မှတ်ထားသည့် ကုတ်နံပါတ် သို့ ‘1’ ဟု ရိုက်နှိပ်ပြီး မဲပေးပို့နိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူများအနေနဲ့ SMS ကတစ်ဆင့်မဲပေးမှုအတွက် SMS တစ်စောင်လျှင် (၃၅)ကျပ်နှုန်း ကျသင့်မှာဖြစ်ပြီးတော့ သီဆိုယှဉ်ပြိုင်မှု ပွဲစဉ်တစ်ခုလျှင် အများဆုံး (၅)ကြိမ် အထိမဲပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ပရိသတ်များက MPT ဆင်းမ်ကတ်ကို အသုံးပြုပြီး မိမိနှစ်သက်သဘောကျတဲ့ ပြိုင်ပွဲဝင်တွေကို အွန်လိုင်း Web Portal ဖြစ်တဲ့ thevoice.mptvote.com ကလည်း ဒေတာအသုံးပြုခအခမဲ့ ရွေးချယ်မဲပေးနိုင်ဦးမှာ ဖြစ်ပါတယ်။မဲပေးစနစ်ကို Live Round ယှဉ်ပြိုင်မှု ပွဲစဉ်စတင်မည့် နိုဝင်ဘာလ (၂၉)ရက်မှစ၍ မဲပေးနိုင်မှာပါ။

 

“The Voice Myanmar” နဲ့ ပတ်သတ်ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင် “The Voice Myanmar”ရဲ့ တရားဝင် Facebook စာမျက်နှာ ဖြစ်တဲ့ www.facebook.com/thevoicemyanmar ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ MPT နဲ့ ပတ်သတ်လို့ အသေးစိတ် ထပ်မံသိရှိလိုတယ်ဆိုရင်တော့ ၁၀၆ ကို ခေါ်ဆိုတာ ဒါမှမဟုတ် MPT ရဲ့ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm နဲ့ တရားဝင် Facebook စာမျက်နှာ www.facebook.com/mptofficialpage ကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။



Author


က္က