ရပ်ကွက်တွေကို စာရင်းကောက်နေပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့ရှိမှုနှုန်းများတဲ့မြို့နယ်တွေကို စာရင်းကောက်နေပြီး အဲဒီမြို့နယ်တွေကိုသာ Stay at Home အဖြစ် သတ်မှတ်သွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းက (ကိုကိုးကျွန်း)မပါ မြို့နယ်အားလုံးက Stay at Home အစီအစဉ်မှာ ပါဝင်နေတာဖြစ်ပြီး ယခုအခါမှာတော့ ရောဂါကူးစက်မှုနှုန်းများတဲ့ မြို့နယ်တွေကိုသာ Stay at Home သတ်မှတ်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဒီကနေ့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ Mask ကမ်ပိန်းမှာ မီဒီယာတွေကိုပြောခဲ့တာပါ။ 



“ စာရင်းတွေစုံတဲ့အချိန် ကျွန်တော်တို့အားလုံးကလည်း ဒီလိုလုပ်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့လမ်းညွှန်ချက်လည်းနာခံရတယ်။ နည်းစနစ်အရလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာရဲ့အတည်ပြုချက်တွေဒါတွေရှိတယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံးဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်ပေါ့”လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

လက်ရှိမှာတော့ ရောဂါပိုးတွေ့ရှိမှုနှုန်းများတဲ့ ရပ်ကွက်တွေကို စာရင်းကောက်နေပြီး စာရင်းအားလုံးကောက်ပြီးတဲ့အခါမှာတော့ အစီအစဉ်နဲ့ ပတ်သက်လို့ တိုင်းအစိုးရကို တင်ပြသွားမယ်လို့သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရန်ကုန်တိုင်းက ပိုးတွေ့ရှိမှုနှုန်းအများဆုံးဖြစ်ပြီး တစ်နေ့ကို ပိုးတွေ့လူနာသစ် (၇၀၀)ကျော် (၈၀၀)နီးပါးတွေ့ရှိနေတာဖြစ်ပါတယ်။

ပိုးတွေ့ရှိမှုနှုန်းများတဲ့ဒေသတွေမှာ Stay at Home သတ်မှတ်ထားတဲ့ကာလကလည်း ကြာမြင့်လာတာနဲ့အမျှ လူမှုစီးပွါးရေးလောကမှာ အခက်အခဲတွေရှိလာတာကြောင့် အထိုက်အလျောက်ဖြေလျော့မှုတွေလုပ်ပေးဖို့ စီစဉ်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ ဒီဇင်ဘာလ (၃)ရက်နေ့ ည(၈)နာရီ ထုတ်ပြန်ချက်မထုတ်ပြန်ခင်အထိ တစ်နိုင်ငံလုံးပိုးတွေ့လူနာ (၉၃,၆၀၀)ဦးမှာ ရန်ကုန်က (၆၈,၃၄၈)ဦးပါဝင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က