တခြားဒေသကဝင်ရောက်လာတဲ့သူတွေဆီကနေ ကူးစက်ခံနေရတာလို့သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ အခြားဒေသတွေကနေ ဝင်ရောက်လာသူတွေကနေတစ်ဆင့် ရောဂါကူးစက်ခံနေရမှုနဲ့ သေဆုံးမှုတွေရှိနေတာကြောင့် ခိုးဝင်လမ်းကြောင်းတွေကို သေချာစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြင်ဦးလွင်ကို လာရောက်တဲ့သူတွေအနေနဲ့ မြို့ဝင်ဂိတ်ကနေ ဝင်ရောက်တာမျိုးမဟုတ်ဘဲ ခိုးဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်နေတာတွေရှိတာကြောင့် ခိုးဝင်လမ်းကြောင်းအားလုံးကိုစစ်ဆေးနိုင်အောင် မြို့ဝင်ဂိတ်ကို နေရာပြောင်းရွေ့စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြင်ဦးလွင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက Duwun ကိုပြောပါတယ်။ 



“ မြို့ဝင်ဂိတ်ကနေ ကျန်းမာရေးထောက်ခံစာတွေပါရင်တော့ အဝင်ခံတာပေါ့။ တချို့ကျန်းမာရေးထောက်ခံစာမပါတဲ့သူတွေကဂိတ်ကနေမဝင်ဘဲ ခိုးဝင်လမ်းကြောင်းတွေကနေဝင်ကြတာ။ဒေသတွင်းမှာ အဲဒီလို တခြားဒေသတွေကနေလာတဲ့သူတွေဆီတွေကနေ ကူးစက်မှုတွေခံနေရတော့ တင်းတင်းကြပ်ကြပ်မဆောင်ရွက်ရင် ပိုဆိုးလားနိုင်တယ်။ အခုတာဝန်ရှိသူတွေအားလုံးပေါင်းပြီးတော့ ခိုးဝင်လမ်းကြောင်းအားလုံးကို ပိတ်ဆို့နိုင်မယ့် (၆)ထပ်ကြီးကွေ့ အနီးမှာ မြို့ဝင်ဂိတ်ကိုပြောင်းရွှေ့ စစ်ဆေးမယ်” လို့ ဦးအောင်မင်းက ပြောပါတယ်။ 

လက်ရှိပြင်ဦးလွင်က ကိုဗစ်လူနာတွေက တခြားဒေသတွေကနေ လာတဲ့သူတွေဆီက ကူးစက်ခံနေရတာဖြစ်တယ်လို့ သိရပါတယ်။ အားလပ်ရက် ရုံးပိတ်ရက်တွေမှာဆို ပြင်ဦးလွင်ကို တခြားဒေသတွေကနေ ညအိပ်ညနေ လာရောက်တဲ့သူတွေရှိတာကြောင့် အခုနောက်ပိုင်းမှာ အဝင်အထွက်တွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

အဝင်အထွက်ဂိတ်တွေကို စစ်သွားရာမှာ အထွက်ဂိတ်ကိုတော့ ဝက်ဝံဂိတ်မှာပဲ စစ်သွားမှာဖြစ်ပြီး အဝင်ဂိတ်ကိုသာ အာလုံးကိုစစ်ဆေးနိုင်မယ့် (၆)ထပ်ကြီးကွေ့ အောက်ဘက် ဇီးပင်ကြီးအနီးကို ရွေ့သွားမှာဖြစ်ပါတယ်။ လက်ရှိ ပြင်ဦးလွင်မှာ အတည်ပြုလူနာ (၁၀၈)ဦးရှိကာ အသက် (၇၀)ကျော်အရွယ် အတည်ပြုလူနာတစ်ဦး သေဆုံးထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က