ဝန်ထမ်း (၆) ဦးထိ ပိုးတွေ့ထားတာဖြစ်ပါတယ်။

ရွှေစင်စင်္ကြာ အဝေးပြေးယာဉ်လိုင်းက ဝန်ထမ်းတွေမှာ ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် နေပြည်တော်က မြို့မဈေး ကားဝင်း တစ်ခုလုံးကို ဒီကနေ့ ကစပြီး Lock Down ပြုလုပ်ခဲ့ပါတယ်။ 



ပိုးတွေ့ရှိမှုက ဘောဂသီရီကားကြီးဝင်း ကားဂိတ်က ၃ ဦး၊ မြို့မဈေးကားကြီးဝင်း ကားဂိတ်က ၃ ဦး တွေ့ရှိခဲ့တာဖြစ်ပြီး ထိတွေ့စပ်ဆက်သူတွေကိုလည်း Quarantine ထားနိုင်ဖို့နဲ့ သက်ဆိုင်ရာ နေရာတွေမှာ အသွားအလာ ကန့်သတ်မှုတွေ လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။ 



“ကျွန်တော်တို့ ဒီဇင်ဘာလ ၂ ရက်နေ့က ယာဉ်မောင်းတွေကို ဆေးစစ်ရာမှာ ယာဉ်မောင်းတစ်ဦးက Positive တွေ့ပါတယ်။ အဲဒီ Positive ဖြစ်တဲ့ ယာဉ်မောင်းက နေပြည်တော်ကားဂိတ်တစ်ခုက ယာဉ်မောင်းဖြစ်နေပါတယ်။ သူနဲ့ ထိတွေ့စပ်ဆက်တဲ့ ရှစ်ဦးကို Quarantine ထားတယ်။ ဒီမနက် ဆေးစစ်လိုက်တဲ့ အထဲမှာအဲ့ဒီအထဲက ငါးဦးက Positive ထပ်တွေ့တယ်”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နေပြည်တော်တိုင်း ကျန်းမာရေးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

အခုလို ယာဉ်လိုင်းဝန်ထမ်းတွေမှာ ပိုးတွေ့ရှိမှုနဲ့ ဆက်စပ်ပြီး ဘောဂသီရိကားဝင်းက ရွှေစင်စကြာင်္ကားဂိတ်ရှိတဲ့ Block တစ်ခုကို Lock Down ချ ကာကွယ်ထိန်းချုပ်ဖို့နဲ့ ကားဝင်းအတွင်းက ဈေးဆိုင်ခန်းတွေ ပိတ်ထားဖို့၊ ကားဝင်းအတွင်းဝင်ထွက်သူအားလုံး MASK တပ်ဆင်ပြီးမှ ဝင်ရောက်ဖို့တွေကို ကြပ်မတ်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြို့မဈေးကားကြီးကွင်း တစ်ခုလုံးကိုတော့ Lock Down ချထားပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က