ထောက်ခံချက်မပါဘဲ အပြင်ထွက်သွားလာမယ်ဆိုရင် ဥပဒေအရအရေးယူမယ်လို့လည်းထုတ်ပြန်ကြေညာထားပါတယ်။

ဒီဇင်ဘာ(၅)ရက်နေ့ကနေ (၁၇)ရက်နေ့အထိ Stay at Home သတ်မှတ်ထားတဲ့ မန္တလေးခရိုင်အတွင်းက မြို့နယ်(၇)မြို့နယ်မှာ အပြင်ထွက်ခွင့်အတွက်ကတ်ပြားနဲ့ထောက်ခံစာလုပ်ရာမှာ သက်ဆိုင်ရာမြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာငွေကြေးတစုံတရာပေးရမယ်ဆိုရင်တိုင်ကြားကြရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က Facebook စာမျက်နှာကတဆင့် ပြည်သူတွေကိုအသိပေးခဲ့ပါတယ်။ 

Photo: Dr Zaw Myint Maung

ဒီကနေ့မနက်ပိုင်းကစတင်ပြီး Stay at Home အမိန့်အကျုံးဝင်ခဲ့ပြီဖြစ်လို့ မန္တလေးမြို့ရဲ့မြို့နယ်/ရပ်ကွက်တိုင်းမှာ အပြင်ထွက်ခွင့်ကတ်ပြားလာရောက်ထုတ်ယူသူများပြားခဲ့ပြီး တန်းစီစောင့်ဆိုင်းမှုတွေလုပ်ခဲ့ရတယ်လို့လည်းသိရပါတယ်။ Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေမှာ အရေးပေါ်ဆေးကုသခွင့်၊ဈေးဝယ်ခွင့်၊ သတ်မှတ်လုပ်ငန်းတွေမှာလုပ်ကိုင်ရန်အလုပ်အသွား/အပြန်အပြင်ထွက်ခွင့်တွေအတွက်အသိအမှတ်ပြုကတ်ပြားတွေနဲ့ထောက်ခံစာတွေပြုလုပ်ရမှာဖြစ်ပြီး ထောက်ခံချက်မပါဘဲ အပြင်ထွက်သွားလာမယ်ဆိုရင် ဥပဒေအရအရေးယူမယ်လို့လည်းထုတ်ပြန်ကြေညာထားပါတယ်။ 



"အခကြေးငွေ ကောက်ခံနေတာတွေဟာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က လုံးဝ(လုံးဝ) ခွင့်ပြုထားခြင်း မရှိပါဘူး၊ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစိးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်း သွားလာခွင့် ကဒ်ပြားများကိစ္စနှင့် ပတ်သက်၍ ငွေကြေးကောက်ခံခြင်း မပြုရန် မှာကြားထားပြီး ဖြစ်ပါတယ်။ အကယ်၍ အခွင့်အရေးယူပြီး အခကြေးငွေ တစ်စုံတစ်ရာကောက်ခံနေတာရှိရင်တိုင်ကြားနိုင်ပါတယ်၊ ကျွန်တော့်ရဲ့ Face book Page ရယ်၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးတွေထံမှာအထောက်အထားနဲ့တိုင်ကြားလို့ရပါတယ်၊ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာပါ။" လို့ ဒေါက်တာဇော်မြင့်မောင်က Facebook Page မှာရေးသားဖော်ပြထားပါတယ်။ 

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်ပထမလှိုင်းစတင်ဖြစ်ပွားစဉ်က အတည်ပြုလူနာ သုံးဦးသာတွေ့ရှိခဲ့ပေမယ့် ဒုတိယလှိုင်းစတင်ဖြစ်ပွားစဉ်မှာတော့ ဒီဇင်ဘာ၅ရက်နေ့အထိစာရင်းအရ အတည်ပြုလူနာ ငါးထောင်ကျော်ရှိနေပြီဖြစ်လို့ ကူးစက်မှုလျှော့ချနိုင်ရန်အတွက် တစ်ခရိုင်လုံး Stay at Home နေထိုင်ဖို့အတွက်ညွှန်ကြားခဲ့တာပါ။ Stay at Home စည်းမျဉ်းချိုးဖောက်သူတွေကိုတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ်၊ငွေဒဏ်ချမှတ်အရေးယူမယ်လို့ကြေညာထားတဲ့အပြင် လူမှုရေးပြစ်ဒဏ်တွေလည်း ချမှတ်ဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က