ပြည်တွင်း Physiotherapistပညာရှင်တွေ ပါဝင်အားဖြည့် ကူညီဆောင်ရွက်ပေးနေပါတယ်။

ကိုဗစ်ပြင်းထန်လူနာတွေကို ကုသတဲ့နေရာမှာ ဆေးဝါးကုသမှုတွေအပါဝင်အရိုးအကြောအဆစ်နဲ့ပြန်လည်သန်စွမ်းရေးပညာရှင် (Physiotherapist) တွေရဲ့ အကူအညီကိုပါ ရယူကုသမှုတွေ ပြုလုပ်နေပါတယ်။

တချို့ ကိုဗစ်ပြင်းထန်လူနာတွေအနေနဲ့က အောက်စီဂျင်ပေးတဲ့အခါ မှောက်လျှက်အနေအထားနေရတဲ့အတွက် ကိုယ်နေဟန်အနေအထားမှန်ကန်အောင်ပညာရှင်တွေ အကူအညီရယူပြီး ဒီနည်းနဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။ ဒါကလည်း ကိုဗစ်လူနာတွေကိုကုသတဲ့ ကုသရေးအပိုင်းမှာ ထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်တယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။



“ ဒီနည်းက ICU ခန်းထဲက ပြင်းထန်လူနာတွေအနေနဲ့ သွေးလည်ပတ်မှုကောင်းအောင် ကုသတဲ့နည်းတစ်ခုပါ။ အသက်ရှူပိုဝအောင် မှောက်လျှက်နေရတဲ့ လူနာတွေဆိုရင် အောက်စီဂျင်ပေးရတာလည်းသက်တာတယ်။ အဆုတ်ထဲရေဝင်တာလည်းသက်တယ်။ ဒီလိုမှောက်လျှက်အနေအထားထားရတဲ့အခါမှာ သွေးလည်ပတ်မှုအနေအထားကအရေးကြီးတဲ့အတွက် အကြောအခြင်ပိုင်းဆိုင်ရာကုသမှုတွေလည်း ပါဝင်ဆောင်ရွက်နေတာပါ”လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

အကြောပိုင်းဆိုင်ရာ ကုသမှုပုံစံက အတည်ပြုလူနာအဖြစ်ကုသမှုခံယူနေစဉ်အချိန်တွင်းသာမဟုတ်ဘဲ ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းတဲ့အခါမှာလည်းကိုယ်တိုင်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတယ်လို့ သိရပါတယ်။  ဒီကုသမှုနည်းက ရန်ကုန်မှာသာ အဓိကထားကုသနေတာဖြစ်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့ အသုံးပြုဆောင်ရွက်တာမရှိသေးပါဘူး။ ပြည်တွင်း Physiotherapistပညာရှင်တွေပါဝင်အားဖြည့်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး လိုအပ်တဲ့ကုသရေးစင်တာတွေမှာ တာဝန်ပေးဆောင်ရွက်နေကြတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က