ရန်ကုန်ကို Volunteer အဖြစ်သွားရောက်ရာ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့စဥ် သူနာပြုတစ်ဦးမှာ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ (၃)ရက်နေ့က ရန်ကုန်သို့ Volunteer အဖြစ်သွားရောက်တဲ့ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်း(၃)ဦးကို ရန်ကုန်တွင် ဒီဇင်ဘာ (၄)ရက်နေ့က ပိုးရှိမရှိစစ်ဆေးခဲ့ရာ သူနာပြုတစ်ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်းသိရပြီးနောက် အဆိုပါပိုးတွေ့သူနာပြုနဲ့ ထိစပ်ခဲ့သူ (၄၃)ဦးအား စစ်ဆေးခဲ့ရာ နောက်ထပ်သူနာပြုတစ်ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်း ယနေ့ ဒီဇင်ဘာ ၅ရက်နေ့က မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က အတည်ပြုပြောကြားခဲ့ပါတယ်။



 "ရန်ကုန်ကို Volunteer သွားတဲ့ ဆရာမနဲ့ မင်းဘူးဆေးရုံမှာ ထိစပ်တဲ့သူတွေ(၄၃)ဦးကို မနေ့ကစစ်ဆေးခဲ့ပါတယ်၊ အဲဒီထဲက သူနာပြုတစ်ဦးပိုးတွေ့ပါတယ်"လို့ ဒေါက်တာတင့်ခိုင်က ပြောပါတယ်။

 အဆိုပါစစ်ဆေးခဲ့သည့်(၄၃)ဦးမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်ပြီး (၁၈)ဦးကို Facility Quarantineထားရှိပြီး ကျန်သူများကို Home Quarantine ထားရှိတယ်လို့ သိရပါတယ်။

   " အခုတစ်ခေါက်ရန်ကုန်ကို Volunteer အားဖြည့်ပေးတဲ့အထဲက မင်းဘူးဆေးရုံက သူနာပြုဆရာမတစ်ဦး ရန်ကုန်ရောက်မှ စစ်ဆေးကြည်တဲ့အခါ ပိုးတွေ့တာပါ။ မကွေးကော မင်းဘူးမှာပါ သူမနဲ့ထိစပ်တွေကို လိုက်စစ်ဆေးနေပါပြီ၊ မကွေးတိုင်း မြို့နယ်အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေ ရန်ကုန်သွားရောက်ကူညီနေတာ စုစုပေါင်း (၁၈၂) ဦး အထိ ရှိခဲ့ပါတယ််"လို့ မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

 မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒီဇင်ဘာ (၃)ရက်နေ့က ရန်ကုန်သို့ Volunteer သွားရောက်တဲ့ ကျန်းမာရေးဝန်ထမ်းများ ရန်ကုန်သို့ ရောက်ရှိရာတွင် ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာမှာ ယခုလိုCovid-19 ရောဂါပိုးတွေ့ရှိပြီး အတူသွားရောက်ခဲ့သူများအားလည်း ရန်ကုန်မှာ Quarantine ထားရှိထားတယ်လို့ သိရပါတယ်။

မကွေးပို့စ်မှ ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က