လက်ရှိ မန္တလေးခရိုင်အတွင်းမှာ ကွာရန်တင်းစင်တာ ၁၅ နေရာပြင်ဆင်ထားပြီး လူဦးရေ ၄,၀၀၀ခန့်ထားရှိနိုင်ပါတယ်။

မန္တလေးခရိုင်ကို ဒီဇင်ဘာလ ၅ရက်ကနေပြီး ၁၈ရက်နေ့အထိ နှစ်ပတ်ကြာ Stay at Home သတ်မှတ်ရခြင်းက ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရန်လိုအပ်လို့ မဖြစ်မနေလုပ်ဆောင်ရခြင်းဖြစ်ပြီး မန္တလေးကိုကယ်တင်ဖို့ရာ မန္တလေးသားတွေကပဲလုပ်နိုင်တယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က Facebook စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။ 

Stay at Home ပထမရက်မှာ မန္တလေးမြို့ရဲ့အထင်ကရနေရာကို သွားလာခွင့် တားမြစ်ကန့်သတ်ထားတာကို မြင်တွေ့ရပါတယ်။ ဓာတ်ပုံ-မင်းနန္ဒ (မန္တလေး)

ဒီဇင်ဘာလ(၂)ရက်နေ့အထိစာရင်းအရ မန္တလေးမှာ ဦးရေ ၁၀၆,၇၇၈ဦးကိုစစ်ဆေးရာမှာ ကိုဗစ်-၁၉အတည်ပြုလူနာ ၆,၃၁၆ဦးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရာခိုင်နှုန်း ၅.၉၂ရှိတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ သေဆုံးသူက ၆၄ဦးရှိပြီး ပိုးတွေ့မှုနှုန်းရဲ့၁.၀၁ရာခိုင်နှုန်းရှိတယ်လို့လည်းရေးသားဖော်ပြထားပါတယ်။ “မန္တလေးကို ကယ်တင် ဖို့ရာ မန္တလေးသားတွေပဲ လုပ်နိုင်တာပါ” ၊ ဘယ်သူမှ မလုပ်နိုင်ပါဘူး၊ ဒီရောဂါရဲ့ ကြောက်စရာကောင်းပုံ က ကိုယ်တစ်ယောက်တည်းကိုပဲ ဖြစ်တာမဟုတ်ပါ၊ ကိုယ်နဲ့ ထိစပ်သူအားလုံး ဘယ်လိုအချိန် ဘယ်လို လုပ်ကူးသွားမှန်းတောင် မသိလိုက်ရဘဲ ကူးသွားတာပါ၊ “ကိုယ့်ကြောင့် သူများဒုက္ခရောက်နိုင်တာကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းက သူများကိုပါ ကာကွယ်တာ ဖြစ်တာမို့ မန္တလေးသူ မန္တလေးသားတွေ ကိုယ့်ဖာသာကိုယ် ကာကွယ်ကြရအောင်ပါ”။ လို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က Facebook စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။ 



Stay at Home ပထမရက်မှာ မန္တလေးမြို့ရဲ့အထင်ကရနေရာကို သွားလာခွင့် တားမြစ်ကန့်သတ်ထားတာကို မြင်တွေ့ရပါတယ်။ ဓာတ်ပုံ-မင်းနန္ဒ (မန္တလေး)

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့လူနာအများဆုံးက လူဦးရေထူထပ်ပြီး ရွှေ့ပြောင်းလုပ်သားနဲ့ကျုးကျော်တွေများတဲ့မန္တလေးခရိုင်ဖြစ်တာကြောင့် မန္တလေးခရိုင်ကို Stay at Home နေထိုင်ဖို့ တင်းတင်းကြပ်ကြပ်လုပ်ကိုင်ခဲ့တာလည်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ လက်ရှိမန္တလေးခရိုင်အတွင်းမှာ ကွာရန်တင်းစင်တာ ၁၅နေရာပြင်ဆင်ထားပြီး လူဦးရေ ၄,၀၀၀ခန့်ထားရှိနိုင်ကာ တစ်ဦးကို ၃,၀၀၀ကျပ်နှုန်းနဲ့ မနက်စာ၊ နေ့လည်စာ၊ညစာကျွေးမွေးပြီး အစိုးရကစောင့်ရှောက်ပေးနေပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေအတွက်လည်း ဆေးရုံ၁၇ခုရှိပြီး ကုတင်အရေအတွက် ၃,၀၀၀ခန့်ပြင်ဆင်ထားတာ လက်ရှိမှာတော့ လူနာ ၂,၀၀၀ခန့်ကိုကုသမှုပေးနေတယ်လို့သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က