အသက် (၁၈) နှစ်အောက်ကလေးငယ်တွေမှာ စမ်းသပ်ထားခြင်းမရှိတာကြောင့်လို့ သိရပါတယ်။

လက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ထွက်ပေါ်ပြီး အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက အသက် (၁၈) နှစ်အောက် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ထိုးပေးဖို့အတွက် ညွှန်ကြားထားခြင်းမရှိဘူးလို့ ပါမောက္ခ ဒေါက်တာစောဝင်းက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ်တွေမှာ စမ်းသပ်ထားခြင်းမရှိတာကြောင့် လောလောဆယ်မှာ ကလေးတွေက ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်မှာ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။



“ အခုလုပ်ထားတဲ့ ကာကွယ်ဆေးတွေအကုန်လုံးမှာ (၁၈) နှစ်အောက် လုံးဝမပါပါဘူး။ အခုထွက်ပေါ်လာတဲ့ vaccine တွေ၊ စပြီးသုံးနေတဲ့ Pfizer တို့ဘာတို့က က (၁၈) နှစ်အောက်ကို Recommend မလုပ်ထားဘူး။ အခုချိန်ထိ ကျွန်တာ်တို့က (၁၈) နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ထိုးဖို့အတွက် Recommend မလုပ်ထားပါဘူး။ ကျွန်တော်တို့ Population မှာလည်း (၁၈) နှစ်အောက် တော်တော်လေးများပါတယ်။ (၆၀) ရာခိုင်နှုန်းလောက်ထိုးလိုက်ရင်ပဲ (၁၈) နှစ်အောက်က (၃၃) ရာခိုင်နှုန်းလောက် ရှိတယ်။ ကျွန်တော်တို့ လူဦးရေ (၆၇) ရာခိုင်နှုန်းလောက် cover ဖြစ်ရင် တစ်နိုင်ငံလုံးကို cover ဖြစ်ပါတယ်။ လောလောဆယ်ကတော့ (၁၈) နှစ်အောက် ထိုးဖို့မရှိပါဘူး။ " လို့ အမျိုးသားကာကွယ်ဆေးဆိုင်ရာ အကြံပေးကော်မတီအဖွဲ့ ဒုဥက္ကဌ ပါမောက္ခဒေါက်တာစောဝင်းက ရှင်းပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ (၂၀၂၁) ခုနှစ်မှာ COVAX အစီအစဉ်အရ နိုင်ငံ့လူဦးရေရဲ့ (၂၀) ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေးထိုးနှံ့ခွင့်ရမှာဖြစ်တာကြောင့် (၂၀၂၁) ခုနှစ် ဒုတိယသုံးလပတ်အတွင်း ကာကွယ်ဆေး (၃) ရာခိုင်နှုန်းစတင်ရောက်ရှိမှာဖြစ်ပြီး နောက်ထပ် (၁၇) ရာခိုင်နှုန်းကတော့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိမယ်လို့လည်း ဒေါက်တာစောဝင်းက ပြောပါတယ်။

ဒါ့အပြင် COVAX အစီအစဉ်အရ မဟုတ်ဘဲ နောက်နှစ်အတွင်း နောက်ထပ် (၂၀) ရာခိုင်နှုန်းထိုးနှံပေးနိုင်ဖို့ စီစဉ်နေပြီး အမေရိကန်၊ ယူကေ၊ အိန္ဒိယ၊တရုတ်စတဲ့ နိုင်ငံတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကရောင်းချတဲ့ ကာကွယ်ဆေးတွေကို ဝယ်ယူထိုးနှံဖို့လည်း စီစဉ်သွားမယ်လို့ ဆိုပါတယ်။

နောက်ထပ်ကျန်ရှိတဲ့ လူဦးရေ (၆၀) ရာခိုင်နှုန်းကိုတော့ (၂၀၂၂) ခုနှစ်နဲ့ (၂၀၂၃) ခုနှစ်အတွင်းမှာ ထပ်မံထိုးနှံနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က