ကူးစက်မှုအများဆုံးဖြစ်သလို သေဆုံးမှုလည်းအများဆုံးပါ။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရောဂါစဖြစ်ကတည်းက ကိုဗစ်လူနာအားလုံးရဲ့ (၇၄)ရာခိုင်နှုန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းကဖြစ်သလို သေဆုံးလူနာအားလုံးရဲ့ (၉၂.၇)ရာခိုင်နှုန်းကလည်း ရန်ကုန်တိုင်းကဖြစ်လို့ ရန်ကုန်က အထူးသတိပြုဖို့လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ကိုဗစ် ၁၉ရောဂါဖြစ်ပွါးမှု နောက်ဆုံးရအခြေအနေကို တင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ရန်ကုန်ကလူဦးရေ ထူထပ်မှုကြောင့် အသွားအလာများတာ ၊ကူးစက်မှုများတာတွေဖြစ်နေပေမယ်လည်း ပြည်သူလူထုရဲ့ စည်းကမ်းလိုက်နာမှုကလည်း အရေးကြီးတယ်လို့ အတိုင်ပင်ခံကပြောကြားခဲ့တာပါ။



“ ကိုဗစ် ၁၉ရဲ့ နောက်ဆုံးရအခြေအနေကိုပြောမယ်ဆိုရင် ရန်ကုန်က အထူးသတိထားရမယ်ဆိုတာ အရင်ကတည်းကပြောပြီးသားပါ။ရန်ကုန်က လူဦးရေကြောင့် ရောဂါပြန့်ပွါးမှုများတာကိုလည်း ကျွန်မတို့လက်ခံပါတယ်။အဓိက ကတော့ ပြည်သူလူထုရဲ့ စည်းကမ်းလိုက်နာမှုပါပဲ။ ပြည်သူလူထုက စည်းကမ်းလိုက်နာလေလေ၊ ကောင်းလေလေဆို အခြေအနေကကောင်းမှာပါ။"လို့ အတိုင်ပင်ခံကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ ကူးစက်မှုနှုန်းကတစ်နေ့ကို လူနာဦးရေ တစ်ထောင်ဝန်းကျင်မှာတွေ့ရှိနေတာဖြစ်ပြီး တစ်နိုင်ငံလုံး ပိုးတွေ့ရှိမှုအများဆုံးတိုင်းဒေသလည်းဖြစ်ပါတယ်။လက်ရှိမှာ ရန်ကုန်တိုင်းက (ကိုကိုးကျွန်း)မပါ မြို့နယ်အားလုံးကိုလည်း stay at home အစီအစဉ်အဖြစ်သတ်မှတ်ထားတာပါ။ နိုဝင်ဘာလ (၈)ရက်နေ့ထိ တစ်နိုင်ငံလုံးကိုဗစ်အတည်ပြုလူနာ (၁၀၀,၄၃၁)ဦးမှာ ရန်ကုန်က (၇၁,၄၀၅)ဦးပါဝင်ပြီး မနေ့ကညကထုတ်ပြန်ချက်မှာပါရှိတဲ့ အတည်ပြုလူနာ (၁၂၇၆)ဦးရဲ့ နေရပ်ဒေသတွေကတော့ မသိရှိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က