အလုပ်သမားနဲ့ အလုပ်ရှင်ကြား အငြင်းပွားမှုပြသနာ ဖြစ်တဲ့အခါ   ခုံသမာဓိကောင်စီရဲ့ ဖြေရှင်း ဆုံးဖြတ်မှုဟာ အဂတိမကင်းဘဲ ဘက်လိုက်မှုတွေ ရှိနေတာကြောင် ခုံသမာဓိကောင်စီကတာဝန်ရှိသူတွေကို တာဝန်ကနေ နုတ်ထွက်ပေးဖို့ အလုပ်သမားအဖွဲ့အစည်း နှစ်ခုက ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မနက်ပိုင်းက ဆန္ဒဖော်တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြ ပွဲကိုရန်ကုန်မြို့ သန်လျှက်စွန်းမှာရှိတဲ့ ခုံသမာဓိကောင်စီရုံးရှေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ေ

သွးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(မြန်မာ)STUM နှင့် အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့ကပူးပေါင်းပြီး လူအင်အား ၂၀ နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ACT

"မြို့နယ် ညှိနှိုင်းဖြန်ဖြေနဲ့ခုံသမာဓိမှာ ကျေနပ်လောက်တဲ့အဖြေရပြီးတော့ ခုံသမာဓိကောင်စီရောက်ရင်တော့ အဖြေက ဘက်လိုက်တယ်၊ တရားမျှတမှုမရှိဘူး၊ ဆုံးဖြတ်ချက််က အဂတိရှိတယ်။ခုံသမာဓိက အမိန့်ကို ခုံကောင်စီကပယ်ဖျက်ခွင့်ရှိတယ်၊ ပယ်ဖျက်တဲ့အခါ ခုံသမာဓိကောင်စီကလူတွေဟာ အမှုကိုသုံးသပ်တဲ့အခါ ဖြစ်လာတဲ့ အမှုဖြစ်စဉ်အပေါ်သုံးသပ်ဖို့လိုတယ်။ လုပ်ငန်းရှင်အလိုကျ ဆုံးဖြတ်တာ အဂတိမကင်းဘူးလို့ယူဆပါတယ်။ ဒါကြောင့်မို့ဆန္ဒထုတ်ဖော်တာဖြစ်တယ်"လို့ STUMရဲ့စည်းရုံးရေးမှူး ဒေါ်မျိုးမျိုးအေးကပြောပါတယ်။

ဓာတ်ပုံ - ACT

ဒါကြောင့် ယနေ့ပြုလုပ်ခဲ့တဲ့ ဆန္ဒပြ ပွဲမှာ ခုံသမာဓိကောင်စီပုဂ္ဂိုလ်များနုတ်ထွက်ပေးရေး၊ ခုံကောင်စီဆုံးဖြတ်ချက်များပြန်လည်သုံးသပ်ပေးရေး၊ခုံကောင်စီအလိုမရှိ ဆိုတဲ့ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြပါတယ်။

 "ကိုဗစ်စည်းကမ်းနဲ့အညီ တစ်ဥိးကို ၄ ပေ ၅ ပေလောက်ခွာတယ် နောက်တစ်ခုက ခေါင်းစွပ်တယ်၊မက်ခ် ၊faceshild တပ်တယ် လက်အိပ်ပါတယ်၊ မီဒီယာတွေကိုလည်း ၆ ပေအကွာကနေပဲသတင်းယူခွင့်ပေးတယ်။ကျန်တဲ့ပရိတ်သတ်တွေကိုလည်း လူစုလူဝေး မဖြစ်အောင်လုပ်တယ်။"လို့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်

ဓာတ်ပုံ - ACT

၂၀၂၀ ခုနှစ် တစ်နှစ်လုံး နီးပါးမှာရရှိခဲ့တဲ့ အမှုတော်တော်များများမှာ  အလုပ်သမားဘက်က လုပ်ငန်းခွင်ပြန်ဝင်ခွင့်ရဖို့တောင်းဆိုမှုအပေါ်

ခုံသမာဓိက အလုပ်သမားတွေ အပြစ်မရှိကြောင်း လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပြုစေခဲ့တဲ့အပြင်၊ကြားကာလအတွက်နစ်နာကြေးပါပေးဖို့ဆုံးဖြတ်မှုရှိသော်လည်း ခုံသမာဓိကောင်စီကမူ အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်ဝင်ခွင့်မရပြုတဲ့အပြင် နစ်နာကြေး၊လျော်ကြေးအစား သနားဂရုနာကြေးဟုသာ သုံးနူန်းပြောဆိုမှုများရှိခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ခုံသမာဓိကောင်စီရဲ့ လုပ်ရပ်ဟာ အဂတိမကင်းသလို ဘက်လိုက်မှူရှိနေပြီး သင့်လျော်မှုလည်းမရှိတာကြောင့် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က