ပဲခူးမှာ ကူးစက်လူနာပေါင်း (၅၀၀၀)ကျော်သွားပြီဖြစ်ပါတယ်။

ပဲခူးမှာ ကိုဗစ်ကူးစက်မှုများနေတဲ့ ရပ်ကွက်တွေကကနေတစ်ဆင့် စက်ရုံဝန်ထမ်းတွေမှာပါ ပိုးကူးစက်မှုတွေရှိလာတာကြောင့် ကူးစက်မှုများနေတဲ့ ရပ်ကွက်တွေကို ထိန်းချုပ်နိုင်ရန် semi lock down တွေပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။

ပဲခူးမှာ ကူးစက်မှုအရမ်းများနေပြီး stay at home သတ်မှတ်ထားသော်လည်း စည်းကမ်းလိုက်နာမှုလိုက်နာမှုအားနည်းတဲ့အတွက် ယခုလို semi lock down အစီအစဉ် စတင်ရခြင်းဖြစ်တယ်လို့ ပဲခူးဆေးရုံအုပ်ကြီးက ပြောပါတယ်။



“ပဲခူးမှာက ကူးစက်မှုအရမ်းများနေတယ်။ ပဲခူးက stay at home သတ်မှတ်ထားပေမယ့်လည်း လိုက်နာမှုက အရမ်းအားနည်းကြပါတယ် ။ဒါကြောင့် ကူးစက်မှုများနေတဲ့နေရာတွေကို လမ်းအလိုက် ရပ်ကွက်အလိုက် semi lock down လုပ်ထားတယ်။ semi lock down မှာ အိမ်တစ်အိမ်ချင်းဆီရဲ့ အဝင်အထွက်စာရင်းတွေကို စောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့ပြီး စနစ်တကျလုပ်ပေးနေတယ်။ ဒီထဲမှာဘာတွေပါမလဲဆို မဖြစ်မနေကျန်းမာရေးကိစ္စကြောင့်ထွက်ရတာတွေ ၊နေ့စဉ်အလုပ်သွားရတဲ့ဝန်ထမ်းတွေ ဒါတွေနဲ့ပတ်သက်ပြီး တစ်အိမ်ချင်းအလိုက် လူအဝင်အထွက်ကို စစ်ဆေးမှုတွေလုပ်တာပါ။ ဒီလိုစည်းကမ်းတင်းကြပ်မှလည်း ထိန်းချုပ်နိုင်မယ်ထင်တယ်”လို့ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင် ကDuwunကိုပြောပါတယ်။

စက်ရုံဝန်ထမ်းတွေမှာလည်း သူတို့နေထိုင်တဲ့ရပ်ကွက်တွေနဲ့ နေထိုင်တဲ့အဆောင်တွေကနေ ကူးစက်မှုတွေရှိနေပြီး စက်ရုံ (၂၀)ကျော်က ဝန်ထမ်း (၃၀)ကျော် ရောဂါကူးစက်ခံထားရတယ်လို့ ပဲခူးစက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ကိုဟိန်းထက် Duwun ကိုပြောပါတယ်။

“ပဲခူးစက်မှုဇုန်မှာ ဝန်ထမ်းတွေကူးစက်မှုနှုန်းမြင့်တက်နေတယ်ဆိုတာက ပိုးတွေ့များတဲ့ ရပ်ကွက်တွေက ကလေးတွေက အလုပ်ဆင်းတယ်။ အဓိက ပိုးတွေ့များတဲ့ရပ်ကွက်တွေကို မထိန်းချုပ်နိုင်တဲ့အတွက်ကြောင့် အဲဒီကနေတစ်ဆင့် စက်ရုံတွေမှာပါ ကူးစက်မှုတွေရှိလာတယ်။ ပြောချင်တာက စက်ရုံထဲကကူးစက်နေတာတော့မဟုတ်ဘူး။ ပဲခူးမှာက ပိုးတွေ့လူများတဲ့ ရပ်ကွက်ကြီး (၇)ခုလောက်ရှိတယ်။ ခုချိန်ထိတော့ လူနာတွေ့ရှိမှုကို ထိန်းချုပ်နိုင်ခြင်းမရှိသေးတော့ ဒီပိုးတွေ့များတဲ့ရပ်ကွက်တွေကို Semi lock down တွေပြုလုပ်နေတယ်” လို့ ကိုဟိန်းထက်က ပြောပါတယ်။ 

ပဲခူးစက်မှုဇုန်အတွင်းက စက်ရုံတွေမှာ ဝန်ထမ်းတွေ ရောဂါပိုးကူးစက်ခံနေရသော်လည်း စက်ရုံတွေကို ပိတ်ထားတာမျိုးမရှိဘဲ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ဆက်လက်လည်ပတ်ခွင့်ပေးထားတယ်လို့သိရပါတယ်။ ပဲခူးမှာ (A)အဆင့်ရှိ ဖွင့်လှစ်ခွင့်ရရှိထားတဲ့ စက်ရုံ (၇၂)စက်ရုံရှိပြီး အဲဒီထဲက စက်ရုံ (၂၉)ခုက ဝန်ထမ်း (၃၀)ကျော်မှာ ပိုးတွေ့ရှိထားတာပါ။ အဓိကကူးစက်နိုင်ခြေရှိတဲ့ ရပ်ကွက်တွေကိုတော့ ယခုအခါမှာ semi lock down တွေပြုလုပ်ထားတာလည်းဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၈)ရက်နေ့ မနက်ပိုင်းအထိ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်လူနာ (၅၈၇၇)ဦးထိရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က