ဒီနေ့(ဒီဇင်ဘာ ၈ရက်) မနက်မှာ အတည်ပြုခဲ့တာဖြစ်ပြီး တောင်ဥက္ကလာပဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုး နေထိုင်မကောင်းဖြစ်လာတဲ့အတွက် စစ်ဆေးရာကနေ ဒီနေ့ ဒီဇင်ဘာလ ၈ရက် မနက်မှာ ကိုဗစ်၁၉ပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့တာဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်ဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း မြို့တော်ဝန်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်း နဲ့ ဈေးများအတွင်း Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းတွေ ကွင်းဆင်းစစ်ဆေးကြပ်မတ်စဉ်အတွင်း နေထိုင်မကောင်းဖြစ်လာရာကနေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။



" ဒီလိုဖြစ်တယ်ဆိုတာတော့ ဟုတ်ပါတယ်။တောင်ဥက္ကလာဆေးရုံမှာ တက်နေပါတယ်။သူ့ကိုပဲ ရုံးအနေနဲ့ သိသေးတာ ကျန်တာတွေတော့ မသိသေးဘူး။ရုံးက ဆက်စပ် ကွာရန်တင်းဝင်ရမှာလည်း အဲဒါက မကြားသေးဘူး။ဒီနေ့စစ်လိုက်တာ မနက်က " လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။

မြို့တော်ဝန်က ကမာရွတ်မြို့နယ်မှာ နေထိုင်သူဖြစ်ပေမယ့် ဒီကိစ္စနဲ့ဆက်စပ်ပြီး မိသားစုရဲ့ ကွာရန်တင်းနေထိုင်ရမယ့်အခြေအနေကိုတော့ တိုက်ရိုက်မသိရှိရသေးဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက Duwun ကို ပြောပါတယ်။

" ဒါက ကျွန်တော်တို့ဆီလည်း စာရင်းက မရောက်သေးဘူး။ပြီးတော့ ကျွန်တော်တို့ဆီ စစ်တာလည်းမဟုတ်တော့ အဲဒါကို ပြောလို့မရဘူး။မိသားစုကလည်း တိုင်းကျန်းမာကပဲ တိုက်ရိုက်ဆောင်ရွက်မယ်ထင်ပါတယ်။။မနက်က မြို့တော်ဝန် swabယူတာလည်း တိုင်းကျန်းမာကပဲ ယူသွားတာပါ။မြို့နယ်အစီအစဉ်နဲ့ယူရတာမဟုတ်ပါဘူး။မြို့တော်ဝန်က ဒီမှာနေတာတော့ဟုတ်တယ်။ဒီက ဝန်ကြီးများအိမ်ရာမှာ နေတာပါ " လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ည(၈)နာရီ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၈ရက်မှာ ဓာတ်ခွဲစစ်ဆေးမှုပေါင်း (၂၃,၃၄၈) ခု ပြုလုပ်ခဲ့ပြီး အတည်ပြုလူနာ (၁,၃၀၈)ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ (၁,၄၈၆)ဦး ၊ သေဆုံးလူနာ (၁၉)ဦး ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က