ပညာရေးနဲ့ လူမှုစီးပွားကဏ္ဍတွေပါဝင်ပါတယ်။
Ei Ei Htun

ဒီကနေ့ကျရောက်တဲ့ နှစ်တစ်ရာပြည့် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်ချမှတ်ထားတဲ့ အမျိုးသားရေးဦးတည်ချက် အချက်(၅)ရပ်ကို အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားနေ့အောင်ပွဲအတွက်ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားတိုက်တွန်းခဲ့တာဖြစ်ပြီး ဖော်ပြထားတဲ့ အချက်(၅)ချက်ကတော့

(၁) ကျောင်းနေအရွယ် လူငယ်အားလုံးအခြေခံပညာသင်ယူခွင့်ရရှိရေး

(၂) လူမှုစီးပွါးရေးအတွက် လက်တွေ့ကျ အကျိုးပြုတဲ့ ဘာသာရပ်များ တသက်တာ သင်ယူမှု အခွင့်အလမ်းရရှိရေး

(၃) ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားဒေသတွေမှာ ပညာရေးကို ပိုမိုပံ့ပိုးရင်းနှီးမြုပ်နှံရေး

(၄) ပညာရေးဖွံ့ဖြိုးမှုအတွက် နည်းပညာနဲ့ အခြေခံအဆောက်အဦများဖြည့်ဆည်းရေး နဲ့

(၅) တိုင်းရင်းသားအားလုံးရဲ့ စုပေါင်းအင်အားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ပဲဖြစ်ပါတယ်။

အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးမှာ အမြော်အမြင်ပြည့်ဝပြီး အတွေးအခေါ်ရင့်ကျက်မှန်ကန်တဲ့ လူငယ်တွေပေါ်ထွက်လာရေးက အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်တဲ့ အတွက် ပညာရေးနဲ့ပတ်သက်ပြီးတော့လည်း ထဲထဲဝင်ဝင်ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ဆိုပါတယ်။ 

ဒါ့အပြင်လူမှုစီးပွါးဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိအောင်လည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီကနေ့ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ကျူးပြသနိုင်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နဲ့ မြန်မာ့ပညာရေးခရီးစဉ်တို့မှာ အရေးပါတဲ့ နေ့တစ်နေ့ဖြစ်ပြီး နှစ်တစ်ရာတိုင်ရှိခဲ့ပြီဖြစ်တဲ့ အမျိုးသားနေ့ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားအကို သဝဏ်လွှာပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။


Author


က္က