လိုက်နာမှုမရှိပါကလည်း ကြီးကြပ်အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ဆိုပါတယ်။

ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းများနေတဲ့ ရန်ကုန်မှာ ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကိုလိုက်နာအောင် တင်းတင်းကြပ်ကြပ်နဲ့ ကြီးကြပ်အရေးယူဆောင်ရွက်ပေးဖို့ တိုင်းအစိုးရကို ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းမှာ ကိုဗစ်စည်းမျဉ်းတွေကိုလိုက်နာဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးနဲ့ တိုင်းအစိုးရအဖွဲ့တို့ပြုလုပ်တဲ့ video conferencing မှာ ပြေကြားခဲ့တာဖြစ်ပြီး ဒီရောဂါကို အတိုင်းအတာတစ်ခုထိထိန်းချုပ်နိုင်ဖို့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာမှုက အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့တာပါ။



“ ကိုဗစ်ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ဖို့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေကို လိုက်နာမှု ရာခိုင်နှုန်းများပြားဖို့ အရေးကြီးတယ်။ စည်းကမ်းလိုက်နာမှု နည်းပါးနေသေးတာကြောင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကို တိတိကျကျလိုက်နာဖို့လိုတယ်။ ပြည်သူတွေ တိကျစွာလိုက်နာမှုရှိစေရေးအတွက်ကိုလည်း ကြီးကြပ်ဆောင်ရွက်ခြင်းနဲ့ သင့်တော်တဲ့ အရေးယူမှုတွေပြုလုပ်ခြင်းကိုလည်း သက်ဆိုင်ရာ တိုင်းပြည်နယ် အစိုးရအဖွဲ့က ကြီးကြပ်ဆောင်ရွက်စေလိုတယ်”လို့ ဒေါက်တာမြင့်ထွေးကပြောပါတယ်။ 

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းတွေကိုလိုက်နာဖို့ အသိပညာပေး စည်းရုံးတာတွေ၊ ကြီးကြပ်ဆောင်ရွက်တာတွေနဲ့ သင့်လျော်တဲ့ အရေးယူဆောင်ရွက်တာတွေမလုပ်ရင် ရောဂါကူးစက်မှုတွေ ဆက်လက်ဖြစ်ပွါးနေအုံးမှာဖြစ်တယ်လို့ဆိုပါတယ်။ ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေတဲ့ရန်ကုန်ကို တစ်တိုင်းလုံးအတိုင်းအတာအနေနဲ့ (ကိုကိုးကျွန်း)မြို့နယ်မပါ အားလုံးကို stay at home သတ်မှတ်ထားပေမယ့် စည်းကမ်းလိုက်နာမှုအားနည်းတဲ့အပေါ်ဝေဖန်မှုတွေလည်းရှိနေပါတယ်။ 

ဒါ့ကြောင့် တိုင်းအစိုးရအနေနဲ့က တိကျနဲ့စည်းကမ်းတင်းကြပ်မှုတွေနဲ့ သင်တော်တဲ့အရေးယူမှုတွေလုပ်ဆောင်မှသာလျှင် ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးကအခုလိုတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၉)ရက်နေ့မနက်ပိုင်းအထိ တစ်နိုင်ငံလုံးကကိုဗစ်လူနာ (၁၀၁,၇၃၉)ဦးမှာ ရန်ကုန်က (၇၂,၀၂၈)ဦးပါဝင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က