ရန်ကုန်ကပြန်လာလို့ ကွာရန်တင်းဝင်နေတာပါ။

ရန်ကုန်ကိုသွားရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မအနေနဲ့ နေပြည်တော်ပြန်ရောက်လာတဲ့အခါမှာ အိမ်တော်မှာပဲ Home Quarantine ဝင်ရောက်နေတာဖြစ်ပြီး ကျန်းမာရေးအခြေအနေလည်းကောင်းမွန်တယ်လို့ သိရပါတယ်။ 

နိုင်ငံတော်သမ္မတကွာရန်တင်းဝင်ရောက်နေတယ်ဆိုတဲ့သတင်းတွေကြောင့် ပြည်သူလူထုကြားမှာ ကိုဗစ်သံသယရှိလို့ ကွာရန်တင်းဝင်ရောက်နေရတာလားဆိုတဲ့ မေးခွန်းတွေရှိခဲ့ပြီး သမ္မတကြီး ကွာရန်တင်းဝင်နေတာဟာ ရန်ကုန်ကနေ ပြန်လာလို့ ပုံမှန်စည်းမျဉ်းအတိုင်း ကွာရန်တင်းဝင်ရောက်နေတာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြန်လည်ရှင်းလင်းပါတယ်။ 



“ နိုင်ငံတော် သမ္မတကြီးအနေနဲ့ ရန်ကုန်မြို့ကိုသွားရောက်ခဲ့ပြီး ပြန်ရောက်လာတဲ့အတွက် ပုံမှန်အတိုင်း စည်းမျဉ်းစည်းကမ်းနဲ့အညီ ကွာရန်တင်းဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ကျန်းမာရေးအထူးကောင်းမွန်ပါတယ်။ ဘာမှစိတ်ပူစရာမရှိပါဘူး”လို့ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။ 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာ ရွေးကောက်ပွဲကုန်ကျစရိတ်တက်သွင်းဖို့အတွက် ဒီဇင်ဘာ (၄)ရက်နေ့က ရန်ကုန်ကို သွားရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိနိုင်ငံတော် သမ္မတဦးဝင်းမြင့်ဟာ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။

နေပြည်တော်ပြင်ပက ပုဂ္ဂိုလ်တွေနေပြည်တော်ကိုလာမယ်ဆိုရင် ကိုဗစ်သတ်မှတ်စည်းမျဉ်းတွေအတိုင်း ရောဂါပိုးရှိ/မရှိစစ်ဆေးပြီး သတ်မှတ်ကွာရန်တင်းရက်အပြည့်နေထိုင်ပြီးမှသာ ပုံမှန်သွားလာမှုတွေကိုခွင့်ပြုထားပါတယ်။ ဒီအတွက်ကြောင့် နိုင်ငံတော်သမ္မတအနေနဲ့ ကွာရန်တင်းဝင်ရောက် နေထိုင်နေတာဖြစ်ပြီး သတ်မှတ်ရက်ပြည့်ရင်တော့ ပြန်လည်တာဝန်ထမ်းဆောင်မယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က