သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၂၆ အပါအဝင် ပြည်သူ့ဝန်ထမ်းအား ဝတ္တရားနှောင့်ယှက်မှု၊ ဒဏ်ရာရစေမှုတို့နဲ့လည်း အမှုဖွင့် အရေးယူထားပါတယ်။

ကိုဗစ်စစ်ဆေးရေးဂိတ်အဖွဲ့ရဲ့စစ်ဆေးမှုကိုမခံယူဘဲ ပြန်ရန်ပြုတိုက်ခိုက်ပြီး ရဲအရာရှိတစ်ဦးနဲ့ရဲတပ်ကြပ်ကြီးတစ်ဦးကိုပါ ငှက်ကြီးတောင်ဓားနဲ့ထွက်ခုတ်လို့ ရဲတပ်သားတစ်ဦးက အသင့်ပါလာတဲ့သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးလိုက်ရတဲ့ဖြစ်စဉ်တစ်ခု မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ မနေ့ကဖြစ်ပွားခဲ့ပါတယ်။

"ပုသိမ်ကြီး၊ သလဲကုန်းမောင်းတံဂိတ်မှာ မနေ့က ကိုဗစ်-၁၉စစ်ဆေးဆောင်ရွက်တာပေါ့၊ အဲဒီမှာ မောင်ဌေးကစစ်ဆေးမခံဘဲနဲ့ မောင်းတံကိုဆိုင်ကယ်နဲ့ဝင်တိုက်တယ်၊ တိုက်ပြီးတော့ အုပ်ချုပ်ရေးအဖွဲ့တွေကိုဆဲတာပေါ့၊ ဆဲပြီးတော့ သံခုံနဲ့ဝင်ရိုက်တယ်၊ ကျေးရွာကအဖွဲ့ဝင်နှစ်ယောက်ဒဏ်ရာရတယ်၊ ကျေးရွာက အကြောင်းကြားလို့ အုန်းချောစခန်းမှူးရောက်သွားတယ်၊ အဲ့အချိန်မှာ သူကအိမ်ပြန်သွားပြီ၊ ဒါကို အုပ်ချုပ်ရေးနဲ့သွားခေါ်တယ်၊ ဖြေရှင်းဖို့ပေါ့ အဲဒါကို မောင်ဌေးက ခဲနဲ့ထုတယ်၊ ဆဲတယ်၊ အိမ်ထဲကနေထွက်လာပြီးတော့ ငှက်ကြီးတောင်ဓားနဲ့ခုတ်တယ်၊ အဲဒီမှာ တပ်ကြပ်ကြီးထွန်းလင်းအောင်ကိုခုတ်မိ ပြီးတော့ ဝဲပုခုံးဖူးယောင်ညိုမဲ ဝဲလက်ပြတ်ရှဒဏ်ရာရတယ်၊ ဒုရဲအုပ်ကျော်သူဟိန်းမှာ ခြေသလုံးဖူးယောင်နာကျင်ဒဏ်ရာရတယ်၊ အဲဒီအချိန်မှာ မောင်ဌေးက ကျန်တဲ့သူတွေကိုထပ်ခုတ်တယ်၊ ထပ်ခုတ်တော့ ရဲတပ်သားဇော်မိုးက သူ့မှာပါတဲ့ MA 13 နဲ့ ၃ ချက်ပစ်တယ်၊ ဝဲဘက်ရင်အုံဖောက်ဝင်၊ ဝဲဘက်ဝမ်းဗိုက်ဖောက်ဝင်၊ ဝဲဘက်နောက်ကျောဖောက်ဝင် ဒဏ်ရာရတယ် မန္တလေးဆေးရုံကြီးကိုပို့ထားတယ်၊ မောင်ဌေးကို ပြည်သူ့ဝန်ထမ်းကိုဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၂၊ ဒဏ်ရာရအောင်ပြုလုပ်တဲ့အတွက် ပုဒ်မ ၃၀၇၊ ရပ်မိရပ်ဖတာဝန်ရှိသူတွေကို နှောင့်ယှက်လက်ရောက်ကျူးလွန်တဲ့အတွက် ကိုဗစ်နိုင်တင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေနဲ့အရေးယူ ထားတယ်" လို့ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးမောင်မောင်ကပြောပါတယ်။



မန္တလေး ပုသိမ်ကြီးမြို့နယ် သလဲကုန်းကျေးရွာအဝင်အထွက်ဂိတ်မှာ မနေ့က နေ့လယ် ၃ နာရီအချိန်ခန့်က ကျေးရွာတာဝန်ရှိအဖွဲ့ဝင်တွေက စစ်ဆေးရေး ဆောင်ရွက်နေစဉ် သလဲကုန်းကျေးရွာနေမောင်ဌေး(ခ)ငဌေးက ဆိုင်ကယ်နဲ့ရောက်လာလို့ စစ်ဆေးမှုပြုလုပ်နေစဉ် ဝင်ထွက်ခွင့်လက်မှတ်ပြသခြင်းမရှိဘဲ စစ်ဆေးရေးမောင်းတံဂိတ်ကို ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး အနီးရှိသံခုံနဲ့စစ်ဆေးရေးအဖွဲ့ဝင်တွေကို လိုက်ရိုက်ကြောင်း၊ အခင်းဖြစ်စဉ်အတွင်း အဖွဲ့ဝင်နှစ်ဦးရိုက်နှက်ခံရကြောင်း၊ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ အုန်းချောနယ်မြေရဲစခန်းကိုသွားရောက်တိုင်တန်းရာ ရဲစခန်းတာဝန်ရှိသူတွေက မောင်ဌေးရဲ့နေအိမ်ဆီသွားရောက်စစ်ဆေးကြောင်း၊ မောင်ဌေးက လာရောက်စစ်ဆေးသူတွေကို ခဲနဲ့ပစ်ပေါက်ဆဲဆဲသလို ငှက်ကြီးတောင်ဓားနဲ့ထွက်ခုတ် တာကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရကြောင်း၊ ရဲတပ်သားတစ်ဦးကသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အုန်းချောနယ်မြေရဲစခန်းက မောင်ဌေး(ခ)ငဌေးကို (ပ)၂၇၂/၂၀၂၀ ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၂၆ အပါအဝင် ပြည်သူ့ဝန်ထမ်းအားဝတ္တရားနှောင့်ယှက်မှု၊ ဒဏ်ရာရစေမှုတို့နဲ့လည်း အမှုဖွင့်အရေး ယူထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က