မန္တလေးခရိုင်မှာ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၅ ရက်တာကာလအတွင်း ဝင်ထွက်ခွင့်ကတ်မပါဘဲအပြင်ထွက်မိလို့ ဒဏ်ငွေငါးထောင်ဒဏ်ရိုက်ခံရသူ ၆,၄၀၀ကျော်ရှိတယ်လို့သိရပါတယ်။

ကိုဗစ်-၁၉ကူးစက်ပျံ့နှံ့မှုကြောင့် ဒီဇင်ဘာ၅ရက်နေ့ကနေ ဒီဇင်ဘာ၁၈ရက်နေ့အထိ Stay at Home သတ်မှတ်ထားတဲ့ မန္တလေးမြို့မှာ စည်းကမ်းလိုက်နာခြင်းရှိမရှိ စစ်ဆေးရာမှာ ပြည်သူလူထုကို အာဏာမပြဘဲ ယဉ်ယဉ်ကျေးကျေးဆက်ဆံဖို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သတိပေးပြောကြားခဲ့ပါတယ်။ 

Photo: Mandalay Region Government

မန္တလေးတိုင်းအတွင်းက မြို့နယ်(၇)မြို့နယ်မှာ Stay at Home နေထိုင်ဖို့အတွက်ထုတ်ပြန်ထားပြီး အရေးပေါ်အခြေအနေ၊ ကျန်းမာရေးနဲ့ ဈေးဝယ်ကိစ္စရပ်တွေအတွက် အပြင်ထွက်သွားလာခွင့်ကတ်တွေပြုလုပ်ရမှာဖြစ်သလို နယ်ကျော်သွားလာခွင့်အတွက် စစ်ဆေးရေးဂိတ်တွေပြုလုပ်ထားပြီး စစ်ဆေးမှုတွေနေ့စဉ်လုပ်နေပါတယ်။



အပြင်ထွက်ကတ်လုပ်ရာမှာ မြို့နယ်ထွေ/အုပ်ရုံးတွေမှာသာပြုလုပ်ပေးတဲ့အတွက် လူစုလူဝေးဖြစ်တာတွေ၊ မြို့နယ်ကျော်သွားလာရာမှာ တားမြစ်စည်းမျဉ်းတွေထက်ကျော်လွန်ဆောင်ရွက်တာမျိုးတွေရှိနေတဲ့ အတွက် အုပ်ချုပ်ရေးအပိုင်းနဲ့ ပြည်သူလူထုအကြားမှာလည်း အငြင်းပွားမှုတွေရှိနေတယ်လို့ သတင်းတွေအရသိရပါတယ်။ 

Photo: Mandalay Region Government

“ကာကွယ်ခြင်းကအကောင်းဆုံးဖြစ်ပါတယ်၊ ပြည်သူလူထုကို ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကာ ကွယ်ရေးလုပ်ငန်းလုပ်ဖို့က အစိုးရတာဝန်ဖြစ်ပါတယ်၊ ကျန်းမာရေးဌာန တစ်ခုတည်းချည်းပဲ တာဝန်ယူလုပ်လို့မရပါဘူး၊ Volunteer တွေလည်း မပါမဖြစ်လိုအပ်ပါတယ်၊ အားလုံးတက်ညီလက်ညီနဲ့ ကျရာ တာဝန်ကဏ္ဍကနေ တစ်ပြိုင်တည်း လုပ်ကြရမှာဖြစ်ပါတယ်၊ မန္တလေးမှာလုပ်နေတဲ့ stay at home ကို သတ်မှတ်ရက်ပြီးတဲ့အထိ စစ်ဆေးတာကို ပုံမှန်လုပ်ရပါမယ်၊ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ အားသွန်ခွန်စိုက်လုပ်ရမှာပါ၊ နည်းမှန်လမ်းမှန်နဲ့ ဥပဒေလမ်းကြောင်းအတိုင်း လုပ်ဖို့လိုပါတယ်၊ ချမှတ်ထားတဲ့လုပ်ငန်းလမ်းကြောင်းတွေအတိုင်းလုပ်ဖို့လိုပါတယ်၊ တတ်နိုင်သမျှ ပြည်သူနဲ့ဆက်ဆံတဲ့ အခါမှာ ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံရပါမယ်၊ မှန်မှန်ကန်ကန်နဲ့ ရပ်တည်ပြီးပြောလို့ရပါတယ်၊ လွန်လွန်ကျွံကျွံနဲ့ ငါတို့ကအာဏာပိုင်ပဲဆိုတာမျိုး မလုပ်စေချင်ပါဘူး၊ ဒဏ်ကြေးငွေတွေကိုလည်း အကျိုးရှိတဲ့ နေရာတွေမှာသုံးသွားမှာပါ၊ အင်အားရောလုံ့လရော မလျှော့စေချင်ပါဘူး၊ တဖြည်းဖြည်း စနစ်တကျ ဖြစ်သွားပြီဆိုရင် တချို့ကိစ္စတွေဖြေလျှော့ချင်တယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကျသွားအောင် ဆောင်ရွက်နေတဲ့လုပ်ငန်းဖြစ်ပါတယ်”လို့ ဒေါက်တာဇော်မြင့်မောင်က ဒီဇင်ဘာ(၉)ရက်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောခဲ့ပါတယ်။ 

Photo: Mandalay Region Government

စစ်ဆေးရေးဂိတ်အချို့မှာ ထုတ်ပြန်ချက်ကို နားလည်မှုလွဲပြီး တားမြစ်မှုတွေလုပ်နေတဲ့အတွက် လက်လုပ်လက်စားတွေအခက်တွေ့နေပြီး ဈေးဝယ်ကတ်ထုတ်ပေးရာမှာလည်း နေ့လည် ၁၂နာရီအထိသာသတ်မှတ်ပေးထားလို့ အခက်တွေ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ မန္တလေးခရိုင်မှာ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၅ ရက်တာကာလအတွင်း ဝင်ထွက်ခွင့်ကတ်မပါဘဲအပြင်ထွက်မိလို့ ဒဏ်ငွေငါးထောင်ဒဏ်ရိုက်ခံရသူ ၆,၄၀၀ကျော်ရှိတယ်လို့သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က