ငွေ (၂)သောင်းကျပ်ပါသွားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊မိုးကောင်းလမ်းနဲ့ သစ္စာလမ်းထောင့်မှာရှိတဲ့ ဇောတိကသင်္ကန်းတိုက်ဆိုင်အတွင်းမှာ ဒီကနေ့မနက်ပိုင်းက တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းမိန်းကလေးတစ်ဦးကို အမျိုးသားတစ်ဦးမှ ဆိုင်အတွင်း ဝင်ရောက်ကာ ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

မနက်အစောပိုင်း ဆိုင်ဖွင့်ချိန်လောက်မှာဖြစ်ပွါးခဲ့တာဖြစ်ပြီး လုယက်စဉ်အတွင်းမှာ ငွေကျပ်နှစ်သောင်းကျပ်ပါသွားတယ်လို့ သိရပါတယ်။



“ ဖြစ်စဉ်ကဟုတ်ပါတယ်။ ဆိုင်ဝန်ထမ်းကောင်မလေးကို အမျိုးသားတစ်ဦးက ဝင်ပြီးတော့ ထားထောက်ပြီးငွေတောင်းတာ။ နှစ်သောင်းပါသွားတယ်။ လူတော့ ဘာထိခိုက်ဒဏ်ရာရတာမှတော့မရှိပါဘူး”လို့ ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က Duwun ကိုပြောပါတယ်။

ဝင်ရောက်လုယက်ခဲ့တဲ့ အမျိုးသားက ဆိုင်ဝန်ထမ်းမိန်းကလေးဆီက ပိုက်ဆံရပြီးတဲ့အခါမှာ ဆိုင်ကို အပြင်ကနေ သော့ခတ်ပြီး ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ဆိုင်ဝန်ထမ်းမိန်းကလေးကို စစ်ဆေးချက်အရ ကျူးလွန်တဲ့သူဟာ ဂျင်းဘောင်းဘီဝတ်ထားကာ ဦးထုပ်လည်းဆောင်းထားတယ်လို့ ဆိုပါတယ်။ ဆိုင်မှာက CCTV တပ်ဆင်ထားခြင်းမရှိတာကြောင့်တရားခံရဲ့ ပုံပန်းသဏ္ဍန်နဲ့ ဖြစ်စဉ်ကို သိရှိနိုင်အောင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေအနေနဲ့ကတော့ အနီးပတ်ဝန်းကျင်က CCTVကို ပြန်လည်စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က