မကွေးတိုင်းမှာ ဒီကနေ့ ဒီဇင်ဘာ နေ့လယ်(၂)နာရီအထိ ပိုးတွေလူနာစုစုပေါင်း (၁,၇၁၂)ဦးရှိပြီး တိုင်း၊ ခရိုင်၊ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများတွင် တက်ရောက်ကုသနေတဲ့ ပိုးတွေ့လူနာ(၂၉၉)ဦးနဲ့ သေဆုံးသူ(၄)ဦးရှိကြောင်းသိရပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ်ရုံးခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးစီးအရာရှိတစ်ဦးမှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိထားရတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှသိရပါတယ်။ 

ဒီကနေ့ ဒီဇင်ဘာ(၁၁)ရက်နေ့ နံနက်ပိုင်းက တိုင်းအစိုးရရုံးအဖွဲ့ဝန်ကြီးချုပ်နဲ့ဝန်ကြီးများအပါအဝင် ဝန်ထမ်း(၁၅၀)ကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိမရှိ RTD နဲ့စစ်ဆေးရာ ဝန်ကြီးချုပ်ရုံးခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ဦးစီးအရာရှိတစ်ဦးမှာသာ ပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနကဆိုပါတယ်။ "ဒီနေ့ ကျွန်တော်တို့ တိုင်းအစိုးရအဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်သူတွေကို RTDနဲ့စစ်ဆေးခဲ့ကြပါတယ်၊ ဝန်ထမ်းတစ်ဦးမှာ ပိုးတွေ့ပြီး ကျွန်တော်အပါအဝင် ဝန်ကြီးချုပ်၊ ဝန်ကြီးတွေ၊ ဝန်ထမ်းတွေအားလုံးမှာ ပိုးမတွေ့ရှိပါဘူး၊ တိုင်းအတွင်းကူးစက်မှုများလာတယ်၊ မကွေးမှာလည်း လက်ရှိအခြေနေဒီထက်ပိုဆိုးလာရင် Stay at Home လုပ်သင့်ရင်လုပ်ဖို့စီစဉ်နေပါတယ်" လို့တိုင်းအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောပါတယ်။

မကွေးတိုင်းအစိုးရရုံးဝန်ကြီးချုပ်ရုံးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးစီးအရာရှိမှာ ဒီကနေ့မနက်ပိုင်းက ပိုးတွေ့ရှိသလို မနေ့ကဒီဇင်ဘာ ၁၀ရက်နေ့ကလည်း တိုင်းဆေးရုံဝန်ထမ်းများနှင့် သင်ကြားရေးဆေးရုံဝန်ထမ်းအချို့တို့မှာ ပိုးတွေ့ရှိကြောင်း တိုင်းကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက သိရပါတယ်။  "ကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေက ဒီကနေ့မနက်ပိုင်း တိုင်းအစိုးရရုံးက ဝန်ထမ်း (၁၅၀)ခန့် ပိုးရှိမရှိစစ်ဆေးပြီးခဲ့ပါပြီ၊ ပိုးတွေ့တဲ့ဝန်ထမ်းလက်ရှိကျန်းမာရေးအခြေနေကောင်းပါတယ်"လို့ ဒေါက်တာခင်မောင်သန်းကဆိုပါတယ်။ မနေ့က တိုင်းဆေးရုံနဲ့သင်ကြားရေးဆေးရုံမှ ဝန်ထမ်းအချို့မှာ ပိုးတွေ့တယ်ဆိုတာမှန်ကန်ပြီး ဘယ်နှစ်ဦးဆိုတာ သေချာအောင်ထပ်မံစစ်ဆေးဆဲလို့သိရပါတယ်။ 

မကွေးတိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းများ ပိုးကူးစက်ခံရသည်မှာ (၃၄)ဦးရှိပြီးဖြစ်ပြီး အောင်လံနှင့်တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်များကို အသွားအလာကန့်သတ်ခဲ့ရကာ မကွေး၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ မင်းဘူး၊ ပွင့်ဖြူမြို့နယ်တွေက ကျေးရွာအချို့ကိုလည်း အသွားအလာကန့်သတ်ထားရှိထားပါတယ်။ မကွေးတိုင်းမှာ ဒီကနေ့ ဒီဇင်ဘာ နေ့လယ်(၂)နာရီအထိ ပိုးတွေလူနာစုစုပေါင်း (၁,၇၁၂)ဦးရှိပြီး တိုင်း၊ ခရိုင်၊ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများတွင် တက်ရောက်ကုသနေတဲ့ ပိုးတွေ့လူနာ(၂၉၉)ဦးနဲ့ သေဆုံးသူ(၄)ဦးရှိကြောင်းသိရပါတယ်။ 


မကွေးပို့စ်မှပေးပို့သော သတင်းဖြစ်ပါသည်။



က္က