နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း အသက် ၁၅ နှစ်အရွယ် တောင်းရမ်းစားသောက်သူလူငယ်တစ်ဦးကို မီးရထားသံလမ်းဘေးလဲကျသေဆုံးလျက်တွေ့ရပြီး အလောင်းကိုစစ်ဆေးတာမှာတော့ ကိုဗစ်ရောဂါကူးစက်ခံထားရမှန်းသိရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါသေးတယ်။

မန္တလေးမြို့မှာ တောင်းရမ်းစားသောက်နေတဲ့အသက်ခြောက်ဆယ်ကျော်အရွယ်အမျိုးသားကြီးတစ်ဦး လမ်းဘေးလဲကျနေလို့ ဆေးရုံပို့ဆောင်စစ်ဆေး ကြည့်တာကနေ ကိုဗစ်ရောဂါကူးစက်ခံထားရမှန်းသိရလို့ ကိုဗစ်ရောဂါသီးသန့်ကုသရေးစင်တာတစ်ခုဆီပြောင်းရွှေ့ကုသမှုပေးထားရတယ်လို့သိရပါတယ်။

မန္တလေး ချမ်းမြသာစည်မြို့နယ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့သိရတာကတော့ ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်တံတားအရှေ့ ဘက် ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက CoCo Store ရှေ့မှာ ဒီဇင်ဘာ ၁၀ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တာပါ။



"သူက ခေါခေါတို့ဖူဂျီတို့ရှေ့မှာ တောင်းရမ်းနေသူပါ၊ မနေ့ကမနက် ၁၁ နာရီခွဲလောက်က လဲကျနေတယ်လို့သတင်းရလို့ ပရဟိတအသင်းကားနဲ့ ဆေးရုံ ကြီးပို့တယ်၊ ညနေ ၆ နာရီခွဲလောက်ကျတော့ ဆေးစစ်ချက်မှာပေါ့စတစ်တွေ့တယ်လို့အဖြေထွက်တယ်၊ ဘောလုံးကွင်းထဲကကိုဗစ်ကုသရေးစင်တာမှာပို့ထားတယ်လို့သိရပါတယ်၊ ဒီနေ့ညနေပိုင်းတော့ သူနဲ့ထိတွေ့သူတွေကို ကွာရန်တင်းဝင်ဖို့လာခေါ်သွားကြတယ်" လို့ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက် အကွက်အမှတ် ၈၆၈ မှ ရပ်ကွက်ရာအိမ်မှူးဦးဇော်ဝင်း က Duwun ကိုပြောပါတယ်။

ရောဂါကူးစက်ခံသူအမျိုးသားကြီးဟာ အဲဒီရပ်ကွက်ထဲတစ်ဦးတည်းအိမ်ငှားနေတာလို့သိရပြီး ဒီကနေ့ညနေပိုင်းက သူနဲ့ထိတွေ့ဆက်စပ်သူ ၁၄ ဦးကို လူမှုကူညီရေးအသင်းကားတွေနဲ့ ကွာရန်တင်းစင်တာတွေဆီပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ မန္တလေး ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်တံတားအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း အသက် ၁၅ နှစ်အရွယ် တောင်းရမ်းစားသောက်သူလူငယ်တစ်ဦးကို မီးရထားသံလမ်းဘေးလဲကျသေဆုံးလျက်တွေ့ရပြီး အလောင်းကိုစစ်ဆေးတာမှာတော့ ကိုဗစ်ရောဂါကူးစက်ခံထားရမှန်းသိရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က