တတိယအကြိမ်မြောက်Big Bad Wolfစာအုပ်အရောင်းပွဲတော်ကိုတော့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာစတုတ္ထအကြိမ်မြောက်ကျင်းပမယ့်ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော် BIG BAD WOLFကို ကိုဗစ်-၁၉ဂယက်ကြောင့် အွန်လိုင်းစနစ်နဲ့သာ ပြုလုပ်ရောင်းချသွားတော့မယ်လို့သိရပါတယ်။

ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလဖြစ်တဲ့အတွက် စာအုပ်တွေကို လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်ဖို့ Big Bad Wolfရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတစ်ဆင့် အွန်လိုင်းစနစ်နဲ့ ဝယ်ယူနိုင်တဲ့ ပုံစံအသစ်ကိုစီစဉ်ခြင်းဖြစ်တယ်လို့သိရပါတယ်။‌‌ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှစတင်ပြီး ၃၀ ရက်နေ့အထိ ၈ ရက်တိုင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။



"စာဖတ်သူမျိုးဆက်သစ်တွေတည်ဆောက်ဖို့နဲ့စာဖတ်ခြင်းရဲ့ပျော်ရွှင်ဝမ်းမြောက်မှုကို ဖြန့်ဝေရမယ်ဆိုတဲ့ ကျွန်မတို့ရဲ့ဦးတည်ချက်ကို အခုဖြစ်နေတဲ့ အခြေအနေတွေကြောင့်အဟန့်အတားဖြစ်ခံမှာမဟုတ်ပါဘူး၊ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာရှိတဲ့စာအုပ်ချစ်သူတွေအတွက်သူတို့ရဲ့အကြိုက်ဆုံးစာအုပ်တွေကိုစာအုပ်ရောင်းပွဲတော်မှာလက်လှမ်းမီတဲ့ ဈေးနှုန်းတွေနဲ့ ရရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့e-commerce ပလက်ဖောင်းအသစ်နဲ့ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းဟာ ဘယ်နေရာကနေမဆို ဒီနှစ် Big Bad Wolf Book Saleကနေ စာအုပ်တွေကိုလုံခြုံစိတ်ချစွာဝယ်နိုင်မှာပါ" လို့ Big Bad Wolf Books ကိုပူးတွဲတည်ထောင်သူ Jacqueline Ng ကပြောပါတယ်။

‌Big Bad Wolf Book Saleပွဲမှာ အင်္ဂလိပ်ဘာသာစာအုပ်အရေအတွက် သန်း ၂၀ နဲ့ စာအုပ်ခေါင်းစဉ် အမျိုးအစား ၄၀,၀၀၀ ကျော်တို့ကို ၎င်းတို့ရဲ့ လက်လီဈေးနှုန်းများကနေ ၉၀ ရာခိုင်နှုန်းအထိ လျှော့ဈေးနဲ့ရောင်းချပေးမှာဖြစ်တယ်လို့သိရပါတယ်။ ရောင်းချပေးမယ့်ဝက်ဘ်ဆိုက်ကိုလည်း တရားဝင်ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

အရောင်းရဆုံးစာအုပ်တွေ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေ၊အချစ်ဝတ္ထု၊ စာပေဆိုင်ရာစာအုပ်၊ဂရပ်ဖစ်ဝတ္ထု၊ စီးပွားရေးစာအုပ်တွေ ၊ ကလေးငယ်တွေအတွက်ပုံပြင် စာအုပ်၊ လှုပ်ရှားမှုစာအုပ်၊ ရုပ်ပြစာအုပ်၊ ဆေးရောင်ခြယ်စာအုပ်၊ ရုပ်ပုံစာအုပ်နှင့် Interactive ပြုလုပ်နိုင်တဲ့ စာအုပ်တွေအပြင်စာအုပ်မျိုးစုံကိုပါရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

‌"ကိုယ်တိုင် ကြိုက်တဲ့စာအုပ်ကို စိတ်ကြိုက်ရွေးချယ်ရတာလောက်တော့ ဘယ်ကောင်းမလဲ။ဒါပေမယိ့လည်းခုချိန်က အွန်လိုင်းကလုပ်တော့ ရောဂါကင်းတာပေါ့။ ကျနော်ကတော့ ဒီဈေးရောင်းပွဲတော်ကိုသဘောကျတယ် ။ပြီးခဲ့တဲ့ပွဲကလည်း စာအုပ်ချည်း ၃၀၀၀၀ ဖိုးလောက်ဝယ်ထားတယ်။"လို့ လိူင်မြို့နယ်က တက္ကသိုလ်ကျောင်းသား သက်ထူးနိုင်ကပြောပါတယ်။

Bad Wolfစာအုပ်အရောင်းပွဲတော်ကို မြန်မာ၊ထိုင်း၊ အင်ဒိုနီးရှား၊သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယား၊ ယူအေအီးနိုင်ငံများ၊ ပါကစ္စတန်၊ ထိုင်ဝမ်နှင့် နောက်ဆုံး ပါဝင်လာတဲ့ စင်ကာပူအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ မြို့ ၃၄ မြို့မှာ လှည့်လည်ကျင်းပနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နောက်ဆုံးကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက်Big Bad Wolfစာအုပ်အရောင်းပွဲတော်ကိုတော့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ မှာ ပြုလုပ်ခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က