လမ်းကြမ်းတွေမှာတောင် သက်သောင့်သက်သာ စီးနင်းနိုင်တဲ့ Ford Everest ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ ဘော်ဒီ ဒီဇိုင်း၊အင်ဂျင်၊ ပါဝင်တဲ့ Technology စတာတွေကို ကားချစ်သူ တော်တော်များများသိပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ Ford Everest ရဲ့ အောက်ပိုင်းဖွဲ့စည်းထားပုံနဲ့ အစိတ်အပိုင်းတွေအကြောင်း ပြောကြည့်ရအောင်။


ကားရွေ့လျားသွားလာနေချိန်မှာ ကားရဲ့ အောက်ပိုင်း Suspension အစိတ်အပိုင်းတွေက အဓိက အလုပ်လုပ်ရဆုံးဖြစ်ပြီးတော့ လမ်းဒဏ်၊ ရေဒဏ်ကို အခံရဆုံးပါ။ဒီလို ဖြစ်တဲ့အခါ Tire တွေ Axle တွေက ယိုယွင်းလာပြီး အချိန်ကြာလာတဲ့ အထိ ယာဉ်မောင်းက မသိဘူးဆိုရင် အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေနိုင်ပါတယ်။

Ford Everest ရဲ့ The Pressure Monitoring System(TPMS) က Tire  အားလုံး ဖိအားကို ထိန်းချုပ်စစ်ဆေးပေးပြီး Tire တစ်ခုက စိတ်ချရတဲ့ Pressure level အောက် ကျသွားပြီဆိုရင် ယာဉ်မောင်းသူကို အသိပေးတဲ့ စနစ်ပါရှိပါတယ်။ Tire နဲ့ ဘီးဝင်ရိုးကြားမှာ Sensor တပ်ဆင်ထားတာကြောင့် ကား Display Screen ပေါ်က Message Center မှာ  ဘယ် Tire တွေကတော့ Low Pressure ဖြစ်နေပြီဆိုတာကို Alert အနေနဲ့ ပေါ်လာပေးမှာပါ။

Ford Everest ရဲ့ Rear Drive Axle ကတော့ Open Differential နဲ့ Electronic Locking Differential(ELD) ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။  ELD ကတော့ Rear Axle တွေကို lock လုပ်နိုင်ပြီး locked ဖြစ်နေချိန်မှာ ကားနောက်ဘီးတွေက ပုံမှန် အရှိန်နှုန်းနဲ့ လည်ပတ်နိုင်တော့မှာပါ။ဒါ့အပြင် ရွှံ့၊သဲ၊ကျောက်ပေါ် ဒါမှမဟုတ် off-road တွေမောင်းနှင်တဲ့အခါ လိုအပ်မယ့် လမ်းချော်မှုတွေ၊ ယိမ်းယိုင်မှုတွေမဖြစ်အောင် ထိန်းချုပ်ဖို့ လိုအပ်လာတဲ့အခါ ELD စနစ်ကို သုံးပါတယ်။ သူ့ကို Manually အရရော Message Centerကနေရာ activate ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အခုတော့ Anti-Lock Brake System (ABS) အကြောင်းပြောရအောင်ပါ။ ကားကို Hard Braking လုပ်တဲ့အခါ ကားဘီးတွေ  lock ဖြစ်သွားတာကနေ ကာကွယ်ဖို့ အတွက် အသုံးပြုပါတယ်။ ABS မှာ လမ်းအခြေအနေ၊ အရှိန်အပေါ်မူတည်ပြီး ဘီးကို အလိုအလျောက် brake force ထောက်ပံ့ပေးမယ့် Electronic Brake Force Distribution နဲ့ အခြား System တွေဖြစ်တဲ့ Electornic Stability Control, Hill Start Assistant, Hill Descent Control, Roll Stability Control အပြင် အခြား System များစွားရှိပါတယ်။ Ford Everest ရဲ့ Hill Descent Control ကတော့ မရှိမဖြစ်လိုအပ်တဲ့ Cruise Control System တစ်ခုဖြစ်ပြီး လွယ်လွယ်ပြောရရင် ကားကွေ့တာ၊ တောင်ဆင်း၊တောင်တက်လုပ်နေချိန် ဘီးလမ်းကြောင်းလွဲသွားတဲ့အခါ ပြန်လည်တည့်မတ်ပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ဒါ့အပြင်  တောင်ဆင်းနေချိန်မှာ ကားဘီးတွေကို လမ်းမချော်သွားအောင် Brake Pressure ကို ဆက်တိုက် ထိန်းညှိပေးပြီး အရှိန်ကို တစ်သမတ်တည်းဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။

အခုပြောပြပေးသွားတာကတော့ Ford Everest ရဲ့ ကားအောက်ပိုင်း Suspension System တစ်ချို့ အကြောင်းပဲ ဖြစ်ပါတယ်။ ကား သွားလာမှုကို ပိုပြီးကောင်းမွန်စေပြီး Safety ပိုင်းကို ပို စိတ်ချရမယ့် Ford ရဲ့ TPMS, ELD နဲ့ HDCအကြောင်းကိုကားချစ်သူတွေအနေနဲ့တော်တော်များများသိရှိသွားကြမယ်လို့ထင်ပါတယ်။ 

ဒီလို System တွေပါဝင်နေတာကြောင့် လမ်းကြမ်းသွားဖို့အတွက် အကြမ်းခံပြီး လုံခြုံစိတ်ချရ သက်သောင့်သက်သာလည်းရှိမယ့် ကားမျိုးကို ရှာနေရင် ဒီလို System တွေပါဝင်တဲ့ Ford Everest ဟာ သေချာပေါက် ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။





က္က