ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့တာပါ။

ကိုဗစ်ကြောင့် ရပ်ထားတားရတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေကို ဒီဇင်ဘာ (၁၆) ရက်နေ့ ကစပြီး ပြန်လည်ပြေးဆွဲခွင့်ပြုတော့မှာဖြစ်တယ်လို့ လေကြာင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းပျံသန်းပြေးဆွဲမှုကို စက်တင်ဘာလ(၁၁)ရက်နေ့ကတည်းက ရပ်နားခဲ့တာဖြစ်ပြီး ယခုဆို အချိန်ကာလအားဖြင့် (၃)လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။ ပြည်တွင်းကူးစက်မှုတွေ များလာတာကြောင့် ပြည်တွင်းလေကြောင်းလိုင်းပြေးဆွဲမှုတွေကိုပါ ရပ်နားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ အညီ ပြန်လည်ပြေးဆွဲခွင့်ပြုတော့မှာပါ။



ပြည်တွင်းမှာ ခရီးသွားရာဇဝင်မရှိဘဲ ကူးစက်မှုတွေမြင့်တက်လာခဲ့ရာမှာတော့ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေကို ရပ်နားထားခဲ့တာပါ။

ပြည်တွင်းမှာ ပြေးဆွဲနေတဲ့ လေကြာင်းလိုင်းတွေကတော့ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အဲ ကမ္ဘောဇ၊ အဲသံလွင်နဲ့ ရွှေမြန်မာလေကြောင်းလိုင်းတို့ပဲဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းကလည်း ခရီးစဉ်ရပ်နားခြင်းကို ရုတ်တရက်ရပ်နားခဲ့ရတာကြောင့် ဝယ်ယူထားတဲ့ လက်မှတ်များကို ပိုက်ဆံပြန်လည်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပြည်တွင်းလေကြောင်းလိုင်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေမယ့် ပြည်ပလေကြောင်းလိုင်းတွေကိုတော့ ဒီဇင်ဘာ လကုန်ထိ ဆက်လက်ပိတ်ထားဆဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က